လက်ရှိ Android Flagship ဖုန်းတွေမှာပဲ ရရှိနိုင်သေးတဲ့ Feature တစ်ခုဖြစ်တဲ့ Reverse Wireless Charging နည်းပညာဟာ တခြားဖုန်းတစ်လုံးလုံးက အားလုံးဝမရှိတော့တဲ့အချိန်၊ Accessories တွေကို ပြန်လည်အားသွင်းချင်တဲ့အချိန်မှာ အသုံးဝင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ iPhone အပြင် Apple Device တွေမှာတော့ အဆိုပါ Reverse Wireless Charging Feature ပါဝင်သေးခြင်းမရှိပါဘူး။

ဒါပေမယ့် အခုအချိန်မှာတော့ Apple ကနေ US Patent & Trademark Office မှာ ရယူလိုက်တဲ့ မူပိုင်ခွင့်တစ်ခုက နောက်ပိုင်းမှာ Apple Device တွေကို Reverse Wireless Charging ကို အသုံးပြုနိုင်စေတော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ Android ဖုန်းတွေလိုမျိုး နောက်ကျောဘက်ကနေ အားသွင်းမယ့်အစား Display Screen ကနေတစ်ဆင့် အားသွင်းပေးမှာပါ။

ဒီလိုမျိုး Display ကနေ အားသွင်းတာက လောလောဆယ်မှာ တခြားသောဖုန်းတွေမှာ အသုံးပြုနိုင်ခြင်းမရှိသေးသလို တကယ်လို့သာ တကယ်ပါဝင်လာမယ်ဆိုရင် Back Body က Glass ဖြစ်စရာမလိုတော့ဘဲ Aluminum ဖြစ်နေရင်လည်း အားသွင်းပေးနိုင်မှာပါ။

Apple က ရယူထားတဲ့ မူပိုင်ခွင့်အရတော့ အခုလိုမျိုး Reverse Wireless Charging နဲ့ အားသွင်းတဲ့အချိန်မှာ Display ရဲ့ တစ်စိတ်တပိုင်းကိုပဲ နေရာယူထားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် အားသွင်းနေတဲ့အချိန်မှာ အဆိုပါ Display နေရာကို ပုံမှန်အတိုင်း အသုံးပြုနိုင်မလား၊ ပိတ်ထားဖို့ လိုအပ်မလားဆိုတာကိုတော့ အသေအချာမသိရသေးပါဘူး။

နောက်ထပ်တစ်ချက်က အခုလိုမျိုး Display ကနေတစ်ဆင့် Wireless Charging နည်းလမ်းနဲ့ အားသွင်းဖို့အတွက် AirPods ၊ Apple Watch နဲ့ Apple Pencil လိုမျိုး Accessories တွေကိုပဲ Support ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် iPhone လိုမျိုး စမတ်ဖုန်းတွေကိုတော့ အားသွင်းနိုင်မှာမဟုတ်ပါဘူး။

Ref – Gizmo China