Apple ကနေ iPad Pro အသစ်တွေကို ယခုနှစ်မှာ မိတ်ဆက်သွားဖို့ရှိနေပါတယ်။ ဒါပေမယ့် iPad Pro ကိုပဲ အသစ်မိတ်ဆက်သွားမှာမဟုတ်ဘဲ iPad Accessory တစ်ခုဖြစ်တဲ့ External Keyboard ကိုပါ ပုံစံအသစ်နဲ့ မိတ်ဆက်လာတော့မှာပါ။

ဒါကတော့ လက်ရှိ Apple ကနေ ရောင်းချနေတဲ့ iPad Pro အတွက် External Keyboard ကို Mouse အနေနဲ့ အသုံးပြုနိုင်ဖို့အတွက် Trackpad ပါ ထည့်သွင်းပေးသွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Keyboard ကိုလည်း iPad Pro အသစ်နဲ့အတူ တွဲဖက်ရောင်းချသွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

Apple ဟာ iPadOS မှာ စတင်ပြီးတော့ AssistiveTouch အနေနဲ့ Accessibility Menu ကနေ External Mouse Support ကို စတင်ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ On-screen Mouse Support ဟာ Point Arrow Icon အစား Assistant Touch Ball လိုမျိုး အလုံးလေးဖြစ်နေတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ဖြစ်နိုင်တာက Apple ကနေ တကယ့် Mouse လိုမျိုး အသုံးပြုနိုင်အောင် iPadOS ကိုပါ Update ပြုလုပ်နိုင်မယ့်ပုံစံပါပဲ။

ဘာပဲဖြစ်ဖြစ် အဆိုပါ iPad Pro ရဲ့ Keyboard အသစ်တွေဟာ Trackpad အပြင် ယခင်တုန်းကလည်း Scissor-type Mechanism ကိုပြောင်းလဲအသုံးပြုလာဖို့ရှိနေတယ်လို့ သတင်းထွက်ရှိခဲ့ဖူးတဲ့အတွက် သိသိသာသာကို အဆင့်မြှင့်တင်လာနိုင်ဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ဟာ ယခုနှစ်မှာတော့ iPad Pro တွေကို တကယ့် ကွန်ပျူတာတစ်လုံးလိုမျိုး စွမ်းဆောင်နိုင်အောင်ပြုလုပ်နိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – The Verge