Apple က နောက်လမှာ iPhone 16 Series ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ iPhone 16 Series မှာ သိသာတဲ့ တိုးတက်မှုတွေ မပါလာဘဲ iPhone 17 Series ကို စောင့်တာက ပိုကောင်းတယ်လို့ သတင်းထွက်လာပါတယ်။

Next Year's Slim iPhone 17 Could Be an 'iPhone Air' : r/apple

Bloomberg ရဲ့ Mark Gurman က Apple ဟာ iPhone 17 Air အမည်ရ အလွန်ပါးလွှာတဲ့ iPhone 17 မော်ဒယ်ကို နောက်နှစ်မှာ ကြေညာမယ်လို့ ပြောပါတယ်။ အဲဒီဖုန်းဟာ iPhone 17 နဲ့ iPhone 17 Pro အကြားမှာ ရှိနိုင်ပါတယ်။ Gurman က iPhone 17 Air ဟာ iPhone 12/13 mini နဲ့ iPhone 14/15/16 Plus တို့ထက် လူကြိုက်ပိုများနိုင်တယ်လို့ ပြောပါတယ်။

Apple iPhone 17 Slim could be a cool iPhone with non-Pro features - Neowin

Gurman က iPhone 17 Air အပြင် အနာဂတ် iPhone မော်ဒယ်တွေရဲ့ အကြောင်းကိုလည်း ပြောထားပါသေးတယ်။ သူက Apple ဟာ Pro iPhone တွေရဲ့ စွမ်းရည်ကို အရွယ်သေး မော်ဒယ်တွေမှာ ထည့်သွင်းပေးချင်နေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ အနည်းဆုံး ၂၀၂၇ ခုနှစ် မတိုင်ခင်အထိ အဲဒီ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

Gurman က iPhone SE 4 ဟာ iPhone 14 နဲ့ တူမှာ မဟုတ်ဘဲ Apple Intelligence ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ ဒီသတင်းသာ မှန်ရင် အဲဒီဖုန်းမှာ On-device LLM ကို မောင်းနှင်နိုင်တဲ့ စွမ်းရည်မြင့် Chip ပါလာမှာပါ။

Ref : gizmochina