Apple ဟာ iPhone တွေမှာ ကြော်ငြာတွေ ပိုပြီးပြနေတာကို တွေ့ရပါတယ်။ ကုမ္ပဏီဟာ ငွေပိုပြီးရရှိစေဖို့အတွက် လုပ်နေတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတချို့ကတော့ မကျေနပ်ကြဘူးလို့ သိရပါတယ်။ ဒါကြောင့် iPhone မှာ ကြော်ငြာတွေ ပိုတင်တာနဲ့ပတ်သက်ပြီး ကုမ္ပဏီအတွင်း သဘောထားကွဲလွဲမှုတွေ ရှိလာတယ်လို့ Gizmochina က ရေးသားဖော်ပြထားပါတယ်။
ကြော်ငြာလုပ်ငန်းက တာဝန်ခံဝန်ထမ်းတချို့ကတော့ ဒီလိုလုပ်တာဟာ အရည်အသွေးကို ကျဆင်းစေတယ်လို့ ယုံကြည်နေကြပါတယ်။ ကြော်ငြာများများပြသခြင်းဟာ အမှတ်တံဆိပ်ရဲ့ ဂုဏ်သိက္ခာနဲ့ အရည်အသွေးအတွေ့အကြုံကို ထိခိုက်စေနိုင်တယ်လို့ သဘောမတူသူတွေက ဆိုနေကြတာ ဖြစ်ပါတယ်။
ဒါဟာ Apple က နှစ်ပေါင်းများစွာ ပေးအပ်လာခဲ့တဲ့ အရာဖြစ်ပေမဲ့ အခုအချိန်မှာတော့ ရေစုန်မျောသွားပြီလို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။ Apple ရဲ့ ကြော်ငြာအဖွဲ့မှာ အထူးလုပ်ဆောင်မှုပုံစံတစ်ခုရှိပြီး အခုလို ကြော်ငြာတွေ ပိုပြသလာတဲ့နောက်ပိုင်း အဆိုပါကြော်ငြာလုပ်ငန်းရဲ့ နောက်ဆက်တွဲ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီးတော့လည်း အတွင်းပိုင်းမှာ စိုးရိမ်မှုတွေ ရှိလာတယ်လို့ သိရပါတယ်။
အတွင်းဝန်ထမ်းတွေရဲ့အဆိုအရ ကုမ္ပဏီရဲ့ ကြော်ငြာလုပ်ငန်းနဲ့ပတ်သက်ပြီး ပြောဆိုရာမှာ Specific keywords တွေကို အသုံးမပြုနိုင်တော့ဘူးလို့ သိရပါတယ်။ ဥပမာအားဖြင့် အရောင်းသမားတွေဟာ “Positioning” အစား “Audience refinement” “algorithm” အစား “Platform” စတာတွေ အသုံးပြုသင့်တယ်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။
Apple က ဝန်ထမ်းတွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေအတွက် သင့်လျော်တဲ့ ဘာသာစကားကို အသုံးပြုဖို့ မျှော်လင့်နေကြပါတယ်။ ကုမ္ပဏီက ကြော်ငြာရှင်တွေကို သီးသန့်သတ်မှတ်အသုံးပြုသူတွေဆီ “targeting” လုပ်ခွင့်မပေးထားပါဘူး။ User privacy ကို ကာကွယ်ဖို့အတွက် ကြော်ငြာရှင်တွေကို အသုံးပြုသူ ငါးထောင်ထက်နည်းတဲ့ အုပ်စုတွေဆီ ပစ်မှတ်ထားခြင်း ခွင့်မပြုထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း Software ရေးသူတွေ၊ သုံးစွဲသူတွေနဲ့ ဝေဖန်သူတွေက App Store မှာ ကြော်ငြာကို ချဲ့ထွင်ဖို့ သဘောမတူခဲ့ကြပါဘူး။ Apple က Apple Maps နဲ့ Apple TV+ တို့မှာ ကြော်ငြာတွေကို မိတ်ဆက်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်ကတော့ ကြော်ငြာလုပ်ငန်းကို မြှင့်တင်ဖို့အစီအစဉ်မရှိဘူးလို့ ဆိုနေပြန်ပါတယ်။
ဒါပေမဲ့ Apple ဟာ ငွေပိုရှာချင်နေပါတယ်။ iPhone ပေါ်မှာ ကြော်ငြာတွေများများတင်ခြင်းက အပြည့်အဝ ကြော်ငြာလုပ်ငန်းရဲ့ အစမှတ်လို့လည်း သံသယဖြစ်ရပါတယ်။ ဘာဆက်ဖြစ်မယ်ဆိုတာကိုတော့ စောင့်ကြည့်ကြရဦးမှာပဲ ဖြစ်ပါတယ်။
Ref: Gizmochina