Apple ဟာ ကာလရှည်ကြာ ကောလာဟလ ထွက်နေခဲ့တဲ့ သူ့ရဲ့ ခေါက်ဖုန်း (foldable iPhone) lineup ကို အလေးအနက်ထား လုပ်ဆောင်နေပုံရပါတယ် — တစ်မျိုးတည်း မဟုတ်ဘဲ မော်ဒယ်နှစ်မျိုးတောင် ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။

Expect bezel-free iPhone, flip models in 2027 and 2028

သူ့ရဲ့ အလွန်ပါးလွှာတဲ့ ကိုယ်ထည်နဲ့ သေသပ်လှပတဲ့ ဒီဇိုင်းကြောင့် ဝက်ဝက်ကွဲ လူကြိုက်များခဲ့တဲ့ iPhone Air ဟာ မျှော်လင့်ထားသလောက် အောင်မြင်မှု မရခဲ့ပါဘူး။ တရုတ် မှာ အစောပိုင်း ရောင်းကုန်သွားခဲ့ပေမယ့် တခြားနေရာတွေမှာတော့ Apple မျှော်မှန်းထားတာထက် ရောင်းအား ပျော့နေခဲ့ပါတယ်။

Apple Foldable iPhone Launch Soon: Patent Won for Crack-Resistant folding  display ~ My Mobile India

အဲဒီအတွက် Apple ရဲ့ အာရုံစိုက်မှုက အခုအခါ ခေါက်ဖုန်းတွေဆီကို အပြည့်အဝ ရောက်သွားပါပြီ။ Korea က လာတဲ့ ET News ရဲ့ မကြာသေးခင်က အစီရင်ခံစာတစ်ခုအရ Apple ဟာ ၂၀၂၆ ခုနှစ်အတွက် စာအုပ်လို ခေါက်ရတဲ့ foldable iPhone တစ်လုံးနဲ့၊ အဲဒီနောက် ၂၀၂၈ မှာ ပိုသေးငယ်တဲ့ clamshell-style (ခေါက်ဖုန်း) မော်ဒယ်တစ်ခုအတွက် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ Stone Partners က လေ့လာသုံးသပ်သူ Kim Ki-hyun က ETNews ရဲ့ Tech Summit မှာ တက်ရောက်လာသူတွေကို Apple ဟာ အဓိက supplier တွေနဲ့ ချိတ်ဆက်ထားပြီး ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး၊ ဒါဟာ တစ်ကြိမ်တည်း စမ်းသပ်မှုသက်သက် မဟုတ်ဘူးဆိုတာကို ပြသနေပါတယ်။

တခြားခန့်မှန်းချက်တချို့ကတော့ Apple ဟာ ပတ္တာနဲ့ display ပစ္စည်းတွေကို ဆက်လက် ပြုပြင်နေတာကြောင့် ၂၀၂၇ ကို ရွှေ့ဆိုင်းသွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကုမ္ပဏီရဲ့ ခေါက်ဖုန်းနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေက တကယ် အမှန်တကယ် ဖြစ်တယ်ဆိုတာကို အတွင်းသိတွေက သဘောတူကြပါတယ်။ ရှေ့ပြေးပုံစံတွေမှာ LTPO panel တွေ (ပါဝါ သက်သာစေဖို့) နဲ့ COE (color filter-on-encapsulation) (အလင်းတောက်ပမှု ပိုကောင်းစေဖို့) အပါအဝင် အဆင့်မြင့် display နည်းပညာတွေကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ လက်ရှိ ခေါက်ဖုန်းတွေမှာ အနှောင့်အယှက် ဖြစ်နေတဲ့ မြင်သာတဲ့ ခေါက်ရိုးရာကို ဖယ်ရှားဖို့ ရည်ရွယ်ထားပါတယ်။

Ref : gizmochina