မိုလ်ဘိုင်းဂိမ်းမင်းဟာ တစ်နှစ်ထက်တစ်နှစ် လူကြိုက်များလာတာကိုတွေ့ရပြီး Newzoo ရဲ့အဆိုအရ လာမဲ့ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း မိုလ်ဘိုင်းဂိမ်းကစားသူဦးရေဟာ ၃.၇ ဘီဘီယံအထိ ရှိလာမယ်လို့ သိရပါတယ်။ Apple ဟာ မိုလ်ဘိုင်းဂိမ်းရဲ့အလားအလာကောင်းကို ကောင်းစွာသိရှိတာကြောင့် Apple Arcade ကို စတင်ခဲ့ပါတယ်။

Apple ရဲ့ အခုနောက်ဆုံးလှုပ်ရှားမှုခြေလှမ်းအဖြစ် တွေ့မြင်ရတာကတော့ Game Controller ထုတ်လုပ်နိုင်တဲ့အခြေအနေပါ။ Patently Apple က ဖော်ထုတ်ထားတဲ့ မူပိုင်ခွင့်ရုပ်ပုံတွေအရ Apple ဟာ မတူညီတဲ့ Game Controller ဒီဇိုင်းတွေကို ဖန်တီးမှတ်ပုံတင်ထားတာပါ။ Nintendo Switch console ရဲ့ ဘေးနှစ်ဘက်မှာရှိနေတဲ့ Joy-Con နဲ့ဆင်တူတဲ့ ဒီဇိုင်းလို့လည်း ဆိုနိုင်ပါတယ်။

Apple game controller ဟာ iPhone, iPad တွေနဲ့လည်း အလုပ်လုပ်မဲ့ဒီဇိုင်းမျိုးလို့ ယူဆရပါတယ်။ ဒီဇိုင်းတစ်ခုက Controller ပါဝင်တဲ့ Case နဲ့တူပြီး Hardware ခလုတ်တွေကြား အလယ်ဗဟိုမှာ Screen အသေးတစ်ခုလည်း ပါဝင်ပါတယ်။ ဒါဟာ ဂိမ်းကစားနေစဉ်မှာ စာရိုက်ဖို့အတွက် ဖန်တီးထားပုံပါပဲ။ ဒါဟာ ဂိမ်းကစားနေတဲ့ပင်မမျက်နှာပြင်ကို အသုံးချရခြင်းကနေ ရှောင်လွှဲနိုင်မှာလည်း ဖြစ်ပါတယ်။

နောက်တစ်မျိုးကတော့ ပုံမှန် PlayStation ဒါမှမဟုတ် Xbox “Joystick” နဲ့ ဆင်တူတဲ့ Controller ပုံစံအဖြစ် မြင်တွေ့ရပါတယ်။ ဒီတစ်မျိုးကတော့ Game Controller သီးသန့်ပုံစံဖြစ်ပြီး မြင်နေကျပုံစံပါပဲ။ လတ်တလော မြင်တွေ့ရတာက မူပိုင်ခွင့်ဒီဇိုင်းပဲဖြစ်တာကြောင့် အမေရိကန်နည်းပညာကုမ္ပဏီကြီးက ဒီနယ်ပယ်ထဲကို ဘယ်အချိန်မှာ၊ ဘယ်လိုပုံစံနဲ့ဝင်ရောက်လာမလဲဆိုတာ သေချာမသိနိုင်သေးပါဘူး။

Ref: Phone Arena