လက်ရှိ Android စမတ်ဖုန်းထုတ်လုပ်သူအများအပြားဟာ ပုံမှန် Flagship ဖုန်းတွေအပြင် Foldable ဖုန်းစျေးကွက်ကိုပါ ပြောင်းလဲဝင်ရောက်လာပြီဖြစ်ပါတယ်။ Samsung ဟာ လောလောဆယ်မှာ Foldable ဖုန်းတွေ အများဆုံးမိတ်ဆက်ထားပြီး Huawei ၊ Motorola နဲ့တခြားသော ကုမ္ပဏီတွေကလည်း ထုတ်လုပ်နေတာဖြစ်ပါတယ်။

Apple အနေနဲ့လည်း Foldable iPhone ထုတ်လုပ်လာမယ်ဆိုပြီး သတင်းတွေယခင်က ထွက်ရှိခဲ့ဖူးပေမယ့် လောလောဆယ်မှာတော့ ဖြစ်နိုင်ခြေမရှိသေးပါဘူး။ ဒါပေမယ့်လည်း Apple Foldable ဖုန်းနဲ့ ပတ်သက်တဲ့နောက်ထပ်သတင်းတစ်ခုပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။

ဒါကတော့ Apple ဟာ Foldable ဖုန်းအတွက် Self-healing Material တစ်ခုကို မူပိုင်ခွင့်ရယူခဲ့တာဖြစ်ပါတယ်။ အဆိုပါ Material ဟာ Elastomer ကို အခြေခံထားပုံရပြီး ဖုန်းရဲ့ Display ပိုင်းမှာ ဖြစ်ပေါ်လာမယ့် ခြစ်ရာတွေနဲ့ ထိခိုက်မှုတွေကို အလိုအလျောက်ပြန်လည်ကောင်းမွန်စေမှာဖြစ်ပါတယ်။

အလားတူ Self-healing Coating နည်းပညာကို ယခင်တုန်းက LG ကနေ မိတ်ဆက်ခဲ့ဖူးပြီး ဖုန်းရဲ့ နောက်ကျောဘက်မှာပဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။ Apple ကနေ မူပိုင်ခွင့်ရယူထားတဲ့ Self-healing Coating ကတော့ ဖုန်းရဲ့ Internal Display အပြင် အပြင်ပိုင်း Surface Area တွေအတွက်ပါ အကျုံးဝင်မှာပါ။ ဒါက Foldable ဖုန်းတွေရဲ့ ခေါက်ချိုးနိုင်တဲ့ Display ရရှိဖို့အတွက် ခြစ်ရာထင်လွယ်တဲ့ Plastic Coating တွေနဲ့ Plastic OLED Display တွေနဲ့ ယှဥ်ရင် အားသာချက်ဖြစ်လာမှာဖြစ်ပါတယ်။

Apple ဟာ ယခုမူပိုင်ခွင့်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀၂၀ ခုနှစ်တုန်းက ရယူထားခဲ့တာဖြစ်တဲ့အတွက် Foldable iPhone ထွက်ရှိဖို့က အနည်းဆုံး ၁ နှစ်ကျော်လောက်တော့ ထပ်မံစောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Ref – Android Authority