Internal Data Corporation (IDC) ရဲ့ စစ်တမ်းအရ ကမ္ဘာ့ တက်ဘလက် ရောင်းအားဟာ အရင်နှစ်ကထက် ၀.၁၅ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ဒါပေမယ့် Chromebook ရောင်းအားက ကျဆင်းနေပြီး အရင်နှစ်ကထက် ၅၁.၄ ရာခိုင်နှုန်းတောင် ထိုးကျသွားပါတယ်။
တက်ဘလက် ကဏ္ဍကို ပြောရရင် Apple ဟာ ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်းမှာ တက်ဘလက် ၁၂.၆ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက် ဝေစု ၃၁ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ Samsung က နံပါတ် ၂ နေရာကို ရထားပြီး ၇.၃ သန်း ရောင်းချနိုင်ကာ ဈေးကွက်ဝေစု ၁၈.၁ ရာခိုင်နှုန်း ရထားပါတယ်။ Amazon ရဲ့ Kindle က ၅.၅ သန်း ရောင်းချထားနိုင်ပြီး နံပါတ် ၃ နေရာကို သိမ်းပိုက်ထားပါတယ်။ Lenovo က နံပါတ် ၄ နေရာကို ကျသွားပြီး ၃.၅ သန်း ရောင်းချထားနိုင်ပါတယ်။ နံပါတ် ၅ နေရာမှာ Huawei ရှိနေပြီး ၂.၁ သန်း ရောင်းချထားနိုင်ပါတယ်။
IDC က Xiaomi , realme , OPPO နဲ့ Vivo တို့ဟာ တက်ဘလက် နယ်ပယ်ကို ဝင်ရောက်လာကြတဲ့အတွက် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း Android တက်ဘလက် ဈေးကွက်ဟာ တိုးတက်လာမယ်လို့ ခန့်မှန်းပါတယ်။ ပညာရေးမှာ တက်ဘလက်တွေကို အသုံးများလာတာနဲ့ တရုတ်က 618 ၊ အမေရိကန်က Prime Day တို့လို အထူး ဈေးရောင်းပွဲတွေကြောင့် တက်ဘလက် ဈေးကွက်ဟာ တိုးတက်လာတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
Chromebook တွေကတော့ ကွာတားတိုင်း ရောင်းအားကျဆင်းနေပြီး ကုမ္ပဏီ အားလုံးရဲ့ ရောင်းအားတွေဟာ နှစ်တိုင်း ကျဆင်းနေပါတယ်။ ဒါပေမယ့် Dell က ကွာတား ၂ မှာ အလုံးရေ ၁.၅ သန်း ရောင်းချထားနိုင်ပြီး ဈေးကွက်ကို ဆက်လက်အုပ်စိုးထားနိုင်ပါတယ်။ Acer က နံပါတ် ၂ နေရာကို ၁.၃ သန်းနဲ့ရထားပြီး Lenovo က နံပါတ် ၃ နေရာကို ၁.၂ သန်းနဲ့ ပိုင်ဆိုင်ထားပါတယ်။ HP နဲ့ Samsung က နံပါတ် ၄ နဲ့ ၅ နေရာကို ၀.၉ နဲ့ ၀.၄ သန်းနဲ့ အသီးသီး ရထားပါတယ်။
Ref : gizmochina