Android တွေက သူတို့ရဲ့ စမတ်ဖုန်းမှာ ကင်မရာပိုင်းကို ဦးစားပေးလာချိန်တုန်းက Apple ဟာ သူ့ရဲ့ iPhone တွေမှာ ကင်မရာပိုင်းဆိုင်ရာကို သိပ်ပြီးအာရုံမစိုက်သေးပါဘူး။ ဒါပေမဲ့ ခေတ်နဲ့သုံးစွဲသူရဲ့တောင်းဆိုမှုကို အမေရိကန်ကုမ္ပဏီကြီးလည်း လွန်ဆန်လို့မရတဲ့အတွက် ရေစီးကြောင်းထဲကို ဝင်ရောက်လာရတော့တာပါပဲ။

စက်မှုလုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ တောင်ကိုရီးယားက OIS နဲ့ Autofocus actuator တင်သွင်းသူကြီးဟာ Apple နဲ့ သဘောတူညီချက်မှာ အက်ကြောင်းထင်သွားခဲ့ပြီလို့ သိရပါတယ်။ ဒါကြောင့် Jahwa ကသာ Apple အတွက် ထောက်ပံ့သူအသစ်ဖြစ်လာမယ်လို့ သိရပါတယ်။

Apple ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက Jahwa ကို သွားရောက်ခဲ့ပြီး OIS modules ထုတ်လုပ်သူကလည်း ထုတ်လုပ်မှုစက်ရုံအသစ်တည်ဆောက်ဖို့အတွက် ဒေါ်လာ ၁၅၅ သန်းကျော်အကုန်အကျခံလုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်နေတာပါ။

Apple ဟာ ရင်းနှီးမြှုပ်နှံမှုအရွယ်အစားနဲ့ သူ့ရဲ့ လိုအပ်ချက်တွေအတွက် ထုတ်လုပ်မှုလိုင်းတွေတည်ဆောက်ဖို့ Supplier တွေကို တောင်းဆိုလေ့ရှိပါတယ်။ ဒီအချက်ကြောင့် ကုမ္ပဏီနှစ်ခုဟာ အတူတကွစတင်လုပ်ဆောင်နေတယ်လို့ ယုံကြည်ရတာလည်း ဖြစ်ပါတယ်။ Jahwa ဟာ Samsung ကိုလည်း OIS module တွေ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

Telephoto units တွေအတွက်အသုံးပြုတယ်လို့ယူဆရတဲ့ ကင်မရာ Hardware သစ်ဟာ လာမဲ့ iPhone 15 စီးရီးအတွက် အချိန်မီအောင် ၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ်အတွင်း ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ Apple အနေနဲ့ Periscope telephoto camera ကို ထည့်သွင်းဖို့ဆုံးဖြတ်ထားတယ်လို့ မဆိုလိုပေမဲ့လည်း ဒါဟာ ပိုပြီးကောင်းမွန်တဲ့ Zoom ကင်မရာကို လုပ်ဆောင်နေတယ်ဆိုတာကိုတော့ ပြသနေပါတယ်။

Ref: GSM Arena