iOS မှာ လွန်ခဲ့တဲ့ ၁၂ နှစ်နီးပါးက ဖြန့်ချိခဲ့တဲ့ Apple Maps ကို အခုတော့ Beta အနေနဲ့ Web မှာ အသုံးပြုနိုင်ပါပြီ။ Apple က Apple Maps ကို Web မှာ အသုံးပြုနိုင်ပြီလို့ ကြေညာလိုက်ပြီး Mac နဲ့ PC မှာ ဘရောက်စာ ကနေ beta.maps.apple.com ကို သွားကာ အသုံးပြုနိုင်ပါတယ်။ လက်ရှိမှာ Mac နဲ့ Windows မှ Safari, Chrome နဲ့ Edge မှာ ထောက်ပံ့ပေးထားပါတယ်။

Apple Maps beta on Chrome

အသုံးပြုရတာက iOS နဲ့ တူညီပြီး တည်နေရာတွေကို ရှာဖွေနိုင်ပါတယ်။ ကားလမ်းကြောင်းနဲ့ လမ်းလျှောက်တဲ့ လမ်းကြောင်းတွေကို ကြည့်ရှုနိုင်ပြီး စီးပွားရေးလုပ်ငန်းတွေရဲ့ ဖုန်းနံပါတ်၊ ဖွင့်ချိန်၊ ပိတ်ချိန်နဲ့ ငွေပေးချေနိုင်တဲ့ နည်းလမ်းတွေကို ကြည့်နိုင်ပါတယ်။

Apple Maps beta in ChromeApple Maps beta in Chrome

Google Maps ရဲ့ Street View နဲ့ တူတဲ့ Look Around နဲ့ တခြား Apple Maps Features တွေကို လာမယ့်လတွေအတွင်း Web Version မှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Apple က တခြား ဘရောက်စာတွေနဲ့ ပလက်ဖောင်းတွေမှာ Apple Maps ကို ဖြန့်ချိပေးဖို့ ကြိုးစားနေပါတယ်။

Ref : gsmarena