Under-display ကင်မရာ ပါတဲ့ Android ဖုန်းတွေ ထွက်ပေါ်နေပြီ ဖြစ်ပေမယ့် iPhone မှာ အခုထက်ထိ မရသေးပါဘူး။ အခုတော့ နောက်နှစ်မှာ ထွက်မယ့် Foldable iPhone မှာ Under-display ကင်မရာ ပါလာမယ်လို့ Digital Chat Station က ပြောပါတယ်။ အဲဒီဖုန်းကို ဒေါ်လာ ၂,၃၀၀ ဝန်းကျင်နဲ့ ရောင်းချနိုင်ပါတယ်။
Digital Chat Station က အဲဒီဖုန်းမှာ 7.76” Internal Display (2712x1920p Resolution ) ပါလာမယ်လို့ ပြောပါတယ်။ Screen အောက်မှာ ကင်မရာကို မြှပ်နှံထားမှာပါ။
Apple က ၂၀၂၁ ခုနှစ်မှာ Under-display ကင်မရာ နည်းပညာကို မှတ်ပုံတင်ခဲ့ပြီး အခုတော့ ဒီနည်းပညာကို Foldable iPhone မှာ ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။
Samsung က Z Fold Series မှာ Under-display ကင်မရာ ထည့်သွင်းပေးဖို့ ကြိုးစားနေပါတယ်။ Display အောက်မှာ ကင်မရာ တပ်ထားတဲ့အတွက် ဓါတ်ပုံ ကြည်လင်ပြတ်သားမှုမှာ အားနည်းပါတယ်။ ဒါပေမယ့် ကင်မရာကို ဖျောက်ထားတဲ့အတွက် ဒီဇိုင်း ပိုလှပါတယ်။
Apple ရဲ့ Foldable iPhone မှာ 5.49” Cover Display ပါလာနိုင်ပြီး 2088x1422p Resolution ရှိနိုင်ပါတယ်။ Punch Hole Cutout မှာ ကင်မရာ ၁ လုံး တပ်ထားနိုင်ပါတယ်။
Ref : Gizmochina