Apple ကနေ ယခင်တုန်းထဲက Beats အစား ကိုယ်ပိုင် Headphone တွေကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုတဲ့သတင်းတွေက ဆက်တိုက်ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Bloomberg သတင်းဌာနကနေ အဆိုပါ Apple Headphone ဟာ ယခုနှစ်အတွင်းမှာတင် မိတ်ဆက်လာမယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။

အဆိုပါသတင်းအရ Apple ရဲ့ ပထမဆုံးကိုယ်ပိုင် Headphone ဟာ Over-Ear Design ဖြစ်လာမှာဖြစ်သလို Apple AirPods တွေလိုမျိုး မတူညီတဲ့ Feature တစ်ခုပါဝင်လာမှာဖြစ်ပါတယ်။ Bloomberg ကတော့ အဆိုပါ Feature ဟာ Magnetic နဲ့ ဖြုတ်တပ်နိုင်တဲ့ အစိတ်အပိုင်းတွေပါဝင်လာမှာဖြစ်ပြီး အသုံးပြုသူစိတ်ကြိုက် Customize ပြုလုပ်ခွင့်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် ဖြစ်နိုင်တာကတော့ Apple ရဲ့ Headphone အသစ်ဟာ Ear Cup တွေအပြင် တခြားသော Headband လိုမျိုး အစိတ်အပိုင်းတွေကိုပါ အရင်မျိုးစုံ၊ ပုံစံမျိုးစုံလဲလှယ်နိုင်ဖွယ်ရှိနေပါတယ်။ လက်ရှိ Apple Watch တွေမှာ အရောင်မျိုးစုံနဲ့ လက်ပတ်မျိုးစုံရွေးချယ်နိုင်တဲ့အတိုင်း Apple Headphone ကိုလည်း ရွေးချယ်နိုင်မှာပါ။

အဆိုပါ Apple Headphone မှာ Apple ရဲ့ H1 Chip အပြင် AirPods Pro ရဲ့ Active Noise Cancellation (ANC) လို Feature တွေပါ ပါဝင်လာနိုင်ပြီးတော့ Apple ရဲ့ စျေးအကြီးဆုံး Audio Product တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိသေးပေမယ့် ဖြစ်နိုင်တာက iPhone 12 မိတ်ဆက်မယ့် နှစ်ကုန်ပိုင်းမှာပဲ မိတ်ဆက်လာဖို့များနေပါတယ်။

Ref – 9to5Mac