Apple ကနေ ထုတ်လုပ်ထားတဲ့ Apple Watch တွေဟာ လက်ရှိအချိန်မှာ အကောင်းဆုံး Smartwatch တွေလို့ပြောရင်လည်းမမှားပါဘူး။ Design ပိုင်းအရရော Feature ပိုင်းမှာပါ တခြား Smartwatch တွေထက် ကောင်းမွန်နေပေမယ့် Apple ကနေ Feature အသစ်တစ်ခုကို ထပ်ပြီး ထည့်သွင်းလာမယ့်ပုံစံပါပဲ။

ဒါကတော့ Apple Watch မှာ Fingerprint Sensor ထည့်သွင်းဖို့အတွက် မူပိုင်ခွင့်ကိုရယူလိုက်တာပဲဖြစ်ပါတယ်။ အဆိုပါ မူပိုင်ခွင့်အရ လက်ရှိ Apple Watch မှာပါဝင်တဲ့ Digital Crown ကို Optical Based Touch ID System နဲ့အစားထိုးသွားမှာပါ။

Apple ရဲ့ ယခုမူပိုင်ခွင့်ကိုတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့ရက်စွဲနဲ့ US Patent & Trademark Office ကနေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Next Gen Apple Watch ရဲ့ ဘေးဘက်ကို Sensor တွေအတွက် Transparent Design ပြုလုပ်ထားပြီးတော့ လက်ဗွေ Biometric Security အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီ Mechanism တစ်ခုလုံးကိုတော့ Primary Display ရဲ့ အောက်ဖက်မှာ ထည့်သွင်းထားမှာပါ။

ဒါတင်မဟုတ်သေးဘဲ အဆိုပါ ဘေးဘက်မှာပါဝင်လာမယ့် Optical Sensor ကို Digital Crown ပုံစံအတိုင်း Rotate Movement အနေနဲ့ ခိုင်းစေနိုင်ဦးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိ Apple Watch တွေကို အသုံးပြုနေသလိုပဲ ဆက်လက်အသုံးပြုနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် Apple Watch မှာသာ Touch ID ကို Support ပေးလာမယ်ဆိုရင် အခုထက်ပိုပြီး Payment ပိုင်းတွေမှာ စိတ်ချရတော့မှာဖြစ်ပါတယ်။

Ref – Gizmo China