Apple ဟာ စက်တင်ဘာလ ၁၀ ရက်နေ့မှာ iPhone 16 Series ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ The Elec က iPhone 16 Series ထုတ်လုပ်မယ့် သတင်းအချက်အလက်တွေကို မျှဝေလာပါတယ်။

New iPhone 16 leak hints at huge camera changes: Here's everything we know so far | Technology News - The Indian Express

Apple ဟာ ဒီနှစ်မှာ iPhone ၉၀.၁ သန်းဝန်းကျင်ကို ထုတ်လုပ်မှာ ဖြစ်ပြီး အရင်နှစ်ရဲ့ ၈၆.၂ သန်းထက် ပိုများလာမှာပါ။ Pro Max မော်ဒယ်ကို ပိုမို ထုတ်လုပ်မှာ ဖြစ်ပြီး iPhone 16 Series ရဲ့ ၃၇ ရာခိုင်နှုန်း ရှိမှာပါ။ တစ်နည်းအားဖြင့် ၃၃.၂ သန်း ထုတ်လုပ်မှာပါ။

ဒါဟာ iPhone 15 Pro Max ရဲ့ ၂၄.၂ သန်းထက် သိသိသာသာ ပိုများလာမှာပါ။ 16 Pro အတွက် ၂၆.၆ သန်း (၃၀ ရာခိုင်နှုန်း) ထုတ်လုပ်မှာ ဖြစ်ပြီး 15 Pro ရဲ့ ၂၁.၈ သန်းထက် ပိုများလာမှာပါ။

Apple iPhone 16 Leaked Rumors and Specifications

Pro မဟုတ်တဲ့ မော်ဒယ်တွေကို ၃၃ ရာခိုင်နှုန်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။ iPhone 16 ဟာ ၂၁.၈ သန်းကနေ ၂၄.၅ သန်း (၂၇ ရာခိုင်နှုန်း) အထိ တိုးတက်လာမှာပါ။ iPhone 16 Plus ကို ၅.၈ သန်း (၆ ရာခိုင်နှုန်း) ထုတ်လုပ်မှာပါ။ အဲဒါဟာ ထုတ်လုပ်မှု လျှော့ချလိုက်တဲ့ တစ်ခုထဲသော မော်ဒယ် ဖြစ်ပါတယ်။ iPhone 15 Plus ကို အရင်နှစ်က ၈.၅ သန်း ထုတ်လုပ်ခဲ့ပါတယ်။

Apple ဟာ ဝယ်လိုအား အလိုက် ထုတ်လုပ်မှုကို ပြောင်းလဲနိုင်ပါတယ်။ Plus မော်ဒယ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ‌ရောင်းအား ကျဆင်းခဲ့ပါတယ်။ အဲဒီအတွက် Apple ဟာ အနာဂတ်မှာ တခြား iPhone မော်ဒယ်နဲ့ အစားထိုးနိုင်တယ်ဆိုတာ ဖြစ်လာနိုင်ပါတယ်။

iPhone 16 Pro နဲ့ 16 Pro Max ဟာ တန်ဖိုးအကြီးဆုံး မော်ဒယ်တွေ ဖြစ်ပြီး Apple ရဲ့ ဝင်ငွေကို တိုးတက်စေမှာပါ။

ref : gsmarena