အမေရိကန်ရဲ့ အခွန်တိုးမြှင့်မှု မစတင်ခင်မှာ Apple ဟာ ၆၀၀ တန် အလေးချိန်ရှိတဲ့ iPhone တွေကို အိန္ဒိယကနေ အမေရိကန်ကို လေယာဉ်နဲ့ တင်ပို့လိုက်တယ်လို့ Reuters က ပြောပါတယ်။ Nikkei Asia က Apple, Dell, Microsoft နဲ့ Lenovo တို့ဟာ ဒေါ်လာ ၃,၀၀၀ အထက် ကွန်ပြူတာတွေလို တန်ဖိုးကြီး Device တွေကို တတ်နိုင်သလောက်များများ အမေရိကန်ကို တင်ပို့နေကြတယ်လို့ ပြောပါတယ်။ အဲဒီ ဒေါ်လာ ၃,၀၀၀ အထက် ကွန်ပြူတာတွေဟာ အခွန်တိုးမြှင့်လိုက်ရင် အလွန်ဈေးကြီးသွားမှာ ဖြစ်ပါတယ်။
Reuters က လေယာဉ်ရဲ့ သယ်ဆောင်နိုင်မှု၊ ၆၀၀ တန်အလေးချိန်ရှိတဲ့ iPhone တွေကြောင့် iPhone အလုံးရေ ၁.၅ သန်းဝန်းကျင်ရှိမယ်လို့ တွက်ချက်ထားပါတယ်။ မတ်လကတည်းက အဲဒီ iPhone တွေကို ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် Apple ဟာ ခဏတာတော့ အခွန်တိုးမြှင့်မှုကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
Nikkei Asia က Apple, Microsoft နဲ့ Google ရဲ့ Supplier တွေကို မေးကြည့်တဲ့အခါ Consumer Electronics တွေကို တတ်နိုင်သလောက်များများ အမေရိကန်ကို တင်ပို့ဖို့ ပြောကြားထားတယ်လို့ သိရပါတယ်။ HP က အစပိုင်းမှာ မူလ တင်ပို့တဲ့ အစီအစဉ်ကိုပဲ လိုက်နာဖို့ Supplier တွေကို ပြောခဲ့ပေမယ့် ၂၄ နာရီအတွင်း တတ်နိုင်သလောက် Device များများကို အမေရိကန်ကို တင်ပို့ဖို့ စိတ်ပြောင်းသွားခဲ့ပါတယ်။ HP က မက္ကဆီကိုမှာ ကုန်ပစ္စည်းထုတ်လုပ်မှုကို တိုးမြှင့်ဖို့ စီစဉ်ထားပါတယ်။
Samsung က ၂၀၂၅ ခုနှစ် နှစ်လယ်အတွက် စမတ်ဖုန်း အစိတ်အပိုင်း အော်ဒါတွေကို လျှော့ချနေပါတယ်။ Lenovo နဲ့ Acer တို့လို ပီစီ ထုတ်လုပ်သူတွေက အမေရိကန် မဟုတ်တဲ့ နိုင်ငံတွေအတွက် ကုန်ပစ္စည်းတင်ပို့မှု တိုးမြှင့်ဖို့ စီစဉ်နေပါတယ်။
Ref: The Verge