Above Avalon ဟာ ပထမဆုံး iPhone ဈေးကွက်ထဲကိုရောက်တဲ့ ၂၀၀၈ ခုနှစ်ကတည်းက Apple ရဲ့ iPhone စွမ်းဆောင်ရည်ကို ခြေရာခံဖို့ ပြုလုပ်ထားတဲ့ Crowd-funded ပလက်ဖောင်း ဖြစ်ပါတယ်။ တည်ထောင်သူ Neil Cybart ရဲ့ အဆိုအရ Apple ဟာ စံချိန်မှတ်တမ်းတစ်ခုကို ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာတစ်ဝန်း iPhone အသုံးပြုနေသူအရေအတွက် ၁ ဘီလီယံအထိ ရောက်ရှိသွားပြီလို့ Neil Cybart က ရေးသားဖော်ပြခဲ့တာပါ။ ဒါပေမယ့် စမတ်ဖုန်းထိုးဖောက်ဝင်ရောက်မှုနှုန်းမြင့်မားတာကြောင့် iPhone တွေရဲ့ တိုးတက်မှုအလျဉ်ဟာ နှေးကွေးခဲ့ရကြောင်းလည်း Cybart က ပြောပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်တုန်းက iPhone သစ်ကို ပြောင်းလဲသုံးစွဲသူဟာ အနည်းငယ်သာ ရှိခဲ့ကြပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့ iPhone ဟောင်းတွေကို iPhone သစ်တွေနဲ့ အဆင့်မြှင့်ပြောင်းလဲအသုံးပြုမယ်နှုန်းဟာ ၈၀% လောက်ရှိလာမယ်လို့ မျှော်လင့်ထားကြပါတယ်။ iPhone သုံးစွဲသူ ၅ ယောက်မှာ တစ်ယောက်ကပဲ သုံးစွဲသူအသစ် ဖြစ်မယ်လို့လည်း ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အားလပ်ရက်တွေပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် iPhone ရောင်းအား ကျဆင်းခဲ့သလို၊ ၂၀၁၈ ခုနှစ်ရဲ့ အားလပ်ရက်ရာသီနောက်ပိုင်းမှာလည်း ဒုတိယအကြိမ်မြောက် ရောင်းအားကျဆင်းမှုနဲ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။ ဒါပေမယ့် Apple ဟာ လာမယ့် ၂၀၂၁ ခုနှစ် စတုတ္ထသုံးလပတ်မှာတော့ သန်းပေါင်း ၂၅၀ အထိ ရောင်းအားရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိအချိန်မှာ သုံးလပတ်တစ်ပတ်ရောင်းအားဟာ ပျမ်းမျှ သန်း ၂၀၀ ဝန်းကျင်ဖြစ်ပါတယ်။

Ref: GSM Arena