Apple က Watch Series 3 နဲ့ နောက်ပိုင်းမျိုးဆက် အတွက် ပထမဆုံး WatchOS 7 Public Beta ကို ဖြန့်ချိပေးလိုက်ပါတယ်။ ‌Apple ဟာ WatchOS Beta Program ကို စတင်ထားတာ နှစ်များစွာ ကြာပြီ ဖြစ်ပေမယ့် ဒါဟာ ပထမဆုံး Public Beta ဖြစ်ပါတယ်။ အဲဒီအတွက် Developer အကောင့်မလိုဘဲ Download ပြုလုပ်နိုင်မှာ ဖြစ်ပြီး မျိုးဆက်သစ် WatchOS ကို မြည်းစမ်းနိုင်မှာပါ။

WatchOS 7 ရဲ့ အလန်းဆုံး စွမ်းဆောင်ချက်တွေထဲမှာ Official Sleep Tracking ပါဝင်လာသလို စက်ဘီးစီးတဲ့ လမ်းကြောင်းတွေကို ပြသပေးရာမှာလည်း ပိုကောင်းလာပါတယ်။ Watch Face တွေကို Customize လုပ်ရတဲ့ Option တွေ ပိုများလာပြီး Hand-washing Timer အသစ်နဲ့ Workout Modes အသစ်တွေ ထည့်သွင်းထားပါတယ်။

Apple Watch မှာ နှစ်များစွာ ကတည်းက Sleep Tracking မပါလာခဲ့ပေမယ့် ရောင်းအား အကောင်းဆုံး စမတ်နာရီတွေ ဖြစ်ခဲ့ပါတယ်။ Sleep App မှာ Automatic Sleep Tracking ပါလာပြီး  Health App မှာ Tab အသစ် ၁ ခု ထည့်သွင်းထားပါတယ်။ Dancing ကိုလည်း Fitness Workout အနေနဲ့ ဖန်တီးပေးထားပါတယ်။

Apple Watch သုံးစွဲသူတွေဟာ Custom Watch Faces တွေကို မျှဝေလာနိုင်ပြီ ဖြစ်ပြီး App Store ကနေ Faces တွေကို Download ပြုလုပ်နိုင်ပါတယ်။ WatchOS 7 Stable Version ကိုတော့  ဒီနှစ်နှောင်းပိုင်း ဖြန့်ချိမှာပါ။

Ref : gsmarena