Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက iPhone 12 Series ဖုန်းတွေကိုပဲ မိတ်ဆက်သွားခဲ့ပြီး iPhone SE 2020 ကိုတော့ အဆင့်မြှင့်တင်မိတ်ဆက်ခဲ့ခြင်းမရှိပါဘူး။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ အဆိုပါ iPhone SE ဖုန်းအသစ်ဟာ လာမယ့် မတ်လမှာ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

အဆိုပါသတင်းကိုတော့ Bloomberg Media မှာ Reporter တစ်ဦးဖြစ်တဲ့ Mark Gurman ကနေ ပြောကြားခဲ့တာဖြစ်ပြီး Apple ဟာ 5G ပါဝင်တဲ့ iPhone SE ဖုန်းအသစ်ကို လာမယ့် မတ်လ ၈ ရက်နေ့မှာ Spring Event အနေနဲ့ မိတ်ဆက်ကြေညာသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါ Event မှာ iPhone SE အသစ်အပါအဝင် လက်ရှိ iPad Air ကိုပါ A15 Bionic Chip ၊ 5G Support အနေနဲ့ အသစ်မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

ဒါပေမယ့် iPhone SE အသစ်ဟာ ယခင် 2020 Model iPhone SE လိုမျိုးပဲ iPhone 8 Design ကို အခြေခံထားတဲ့ 4.7″ Display ၊ Touch ID တွေကိုပဲ ဆက်လက်အသုံးပြုလာဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် Processor ပိုင်းမှာတော့ A15 Bionic Chip ကြောင့် လက်ရှိ iPhone 13 Series ဖုန်းတွေလိုမျိုးပဲ မြန်ဆန်နေမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့လည်း ပြောင်းလဲဖို့မရှိဘဲ iPhone SE 2020 အတိုင်း $399 (မြန်မာငွေ ၈ သိန်းဝန်းကျင်) ကနေ စတင်ရောင်းချသွားဖွယ်ရှိနေပါတယ်။

ဒါတင်မဟုတ်သေးဘဲ Apple ကနေ လာမယ့် မတ်လအတွင်းမှာ လက်ရှိ Face ID ကို Mask တပ်ထားလည်း ဖွင့်နိုင်မယ့် Feature ၊ Universal Control Feature တွေပါဝင်တဲ့ iOS 15.4 Beta ကို Stable အနေနဲ့ ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ ယခုနှစ်အတွင်းမှာ Apple ကနေ Mac ကွန်ပျူတာအသစ်တွေကိုလည်း မိတ်ဆက်ဖို့ရှိနေပေမယ့် နှစ်လယ်ပိုင်းမှပဲဖြစ်လာမယ်လို့ ယူဆရပါတယ်။

Ref – The Verge