Apple ဟာ စမတ် နေအိမ် ကိရိယာ ဈေးကွက်ကို ဝင်ရောက်ချင်နေပြီး Bloomberg ရဲ့ Mark Gurman က Apple ဟာ စားပွဲတင် စက်ရုပ်ကို ၂၀၂၆ ခုနှစ်မှာ ကြေညာနိုင်တယ်လို့ ပြောပါတယ်။ အဲဒီ Device မှာ iPad စတိုင် Display ပါလာမှာ ဖြစ်ပြီး ၃၆၀ ဒီဂရီ လှည့်ပတ်နိုင်တဲ့ စက်ရုပ် လက်တံ ၁ ခု တပ်ဆင်ထားမှာပါ။

Apple to launch tabletop robot with shockingly low price: Report - Dexerto

Apple ရဲ့ စားပွဲတင် စက်ရုပ်ဟာ စမတ် နေအိမ် ကိရိယာတွေကို ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး Video Conference တွေ ပြုလုပ်နိုင်မှာပါ။ နေအိမ် လုံခြုံရေး ကိရိယာ အဖြစ်လည်း အသုံးပြုနိုင်မှာပါ။ စက်ရုပ်မှာ Siri နဲ့ Apple Intelligence ထည့်သွင်းထားမှာ ဖြစ်ပြီး iPadOS Customized Version မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

Apple is developing a $1,000 tabletop robotic arm equipped with an  iPad-style display | TechSpot Forums

Apple ရဲ့ စားပွဲတင် စက်ရုပ် စီမံကိန်းကို Project Titan လို့ အမည်ပေးထားတဲ့ Apple ကား စီမံကိန်းကို ဦးဆောင်ခဲ့တဲ့ Kevin Lynch က ပြုလုပ်မှာ ဖြစ်ပါတယ်။ Apple ဟာ ကားစီမံကိန်းကိုတော့ ရပ်နားလိုက်ပြီ ဖြစ်ပါတယ်။

Apple ရဲ့ စားပွဲတင် စက်ရုပ်ကို ၂၀၂၆ နဲ့ ၂၀၂၇ ခုနှစ်မှာ ရောင်းချနိုင်ပြီး ဈေးနှုန်းက ဒေါ်လာ ၁,၀၀၀ ဝန်းကျင် သတ်မှတ်ထားမှာ ဖြစ်ပါတယ်။ ဒါကတော့ ပေါက်ကြား သတင်း ဖြစ်ပြီး Apple က စားပွဲတင် စက်ရုပ်နဲ့ ပတ်သက်ကာ ဘာမှ မပြောသေးပါဘူး။

Ref : gsmarena