Apple ကနေ ထုတ်လုပ်ထားတဲ့ Apple Watch တွေဟာ လက်ရှိအချိန်မှာ အကောင်းဆုံးသော Smartwatch တွေလို့တောင် ပြောနိုင်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရဆိုရင် လာမယ့် Apple Watch အသစ်မှာ Feature အသစ်တစ်ခုကို အသုံးပြုနိုင်တော့မှာပါ။

 

ဒါကတော့ ယခင်တုန်းကလည်း သတင်းတွေထွက်ပေါ်ခဲ့ဖူးတဲ့ Apple Watch မှာ Touch ID ပါဝင်လာမှာဖြစ်ပါတယ်။ ယခုသတင်းကိုတော့ The Verifier နဲ့ iUpdate YouTube Channel တို့ကနေ ဖော်ပြထားခဲ့တာလည်းဖြစ်ပါတယ်။

ဒီလိုမျိုး Apple Watch မှာ Touch ID ပါဝင်လာတာက Apple အသုံးပြုတွေအနေနဲ့ Payment တွေပြုလုပ်တဲ့အချိန်မှာ PIN နံပါတ်ကို ရိုက်နေစရာလိုအပ်မှာမဟုတ်တော့ပါဘူး။ ဒါတင်မဟုတ်သေးဘဲ Apple Watch အသစ်ဟာ ပိုကောင်းတဲ့ Water Resistance လည်းပါဝင်လာဦးမယ်လို့ သိရပါတယ်။ လက်ရှိ Apple Watch Series 5 ဟာ IPX7 ပါဝင်တဲ့အတွက် အဲ့ဒီထက်ပိုကောင်းမယ်ဆိုတာက အထင်ကြီးစရာပါ။

အဲ့ဒီအတွက် လာမယ့် Apple Watch Series 6 မှာ Touch ID ကို ဘေးဘက်မှာ တွေ့ရမှာဖြစ်ပြီးတော့ Apple အနေနဲ့ အဲ့ဒီနောက်ပိုင်း Apple Watch Series 7 မှာ Touch ID ကို Under-display အနေနဲ့ ထည့်သွင်းသွားဖို့အထိ စီစဥ်ထားတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ရဲ့ Worldwide Developer Conference (WWDC) ဟာ လာမယ့် ဇွန်လ ပထမပတ်မှာ ပြုလုပ်သွားမှာဖြစ်တဲ့အတွက် အဲ့ဒီအချိန်ကြမှ Apple Watch အသစ်နဲ့ပတ်သတ်တဲ့သတင်းတွေ ထွက်ပေါ်လာနိုင်ပါတယ်။

Ref – GSM Arena