Apple ဟာ iPad တွေကို နောက်ဆုံး ကြေညာခဲ့တာ ၁ နှစ်ခွဲကြာပြီ ဖြစ်ပြီး အခုတော့ မေလ ၇ ရက်နေ့မှာ နောက်မျိုးဆက် iPad တွေကို မိတ်ဆက်မယ်လို့ တရားဝင် အသိပေးလိုက်ပါတယ်။ Apple ဟာ အွန်လိုင်း ကနေ တက်ဘလက် အသစ်တွေကို ကြေညာမှာ ဖြစ်ပြီး iPad Pro နဲ့ iPad Air မော်ဒယ် အသစ်တွေနဲ့အတူ Apple Pencil အသစ်ကိုပါ ချပြနိုင်ပါတယ်။

Apple confirms next iPad event for May 7: Here's what to expect | ZDNET

Apple ဟာ iPad Pro Series မှာ OLED Display ကို ပြောင်းသုံးတော့မယ်လို့ ထင်ရပါတယ်။ ပေါက်ကြားသတင်းအရ 13” နဲ့ 11” Display အရွယ်အစားတွေပါလာမှာ ဖြစ်ပြီး အရှေ့ကင်မရာကို နေရာပြောင်းထားနိုင်ပါတယ်။ အရှေ့ကင်မရာတွေကို Display ရဲ့ Horizontal Side မှာ နေရာချထားနိုင်ပါတယ်။ 12.9” နဲ့ 10.9” Mini LED Display ပါတဲ့ iPad Air အသစ် ၂ လုံး ပါလာနိုင်ပါတယ်။ တက်ဘလက် အသစ်တွေမှာ Apple M3 Chipset မောင်းနှင်ထားနိုင်ပါတယ်။

Apple sets May 7 event to launch new iPad Pro and iPad Air

Apple ဟာ Sqeeze Gesture ပါတဲ့ Apple Pencil အသစ် ၁ ခုကိုလည်း ကြေညာနိုင်ပြီး အလူမီနီယမ် ကိုယ်ထည်နဲ့ ပိုကြီးတဲ့ Trackpad ပါတဲ့ Magic Keyboard ၁ ခုကိုလည်း ချပြနိုင်ပါတယ်။ အဲဒီ Keyboard ရဲ့ ဒီဇိုင်းကို ဆန်းသစ်ထားနိုင်ပါတယ်။

Ref : gsmarena