Apple ဟာ လာမယ့် လအနည်းငယ်အတွင်းမှာ iPhone 14 Series ကို ရောင်းချတော့မှာ ဖြစ်ပြီး ကုမ္ပဏီဟာ ရောင်းအားကောင်းမယ်လို့ မျှော်လင့်ထားပါတယ်။ အခုနောက်ဆုံးထွက်လာတဲ့သတင်းအရ Apple ဟာ iPhone 14 Series ကို စတင် စမ်းသပ် ထုတ်လုပ်နေပြီ ဖြစ်ပြီး အရင်မျိုးဆက်ထက် ရောင်းအားကောင်းမယ်လို့ တွက်ချက်ထားပါတယ်။

Apple iPhone 14 Pro

ကုမ္ပဏီဟာ ဩဂုတ်လမှာ iPhone 14 Series ကို အမြောက်အများထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ Apple ဟာ iPhone 14 Series ရဲ့ အစောပိုင်း ရောင်းအားဟာ အရင်နှစ်က iPhone 13 Series ထက် ပိုမြင့်မားမယ်လို့ Supplier တွေကို အကြောင်းကြားထားပါတယ်။

iPhone 13 still selling well — and Apple expects iPhone 14 to do even better | AppleInsider

Apple မျှော်လင့်ထားတဲ့ ရောင်းအားဟာ ဈေးကွက် လေ့လာဆန်းစစ်သူတွေ ခန့်မှန်းထားတာနဲ့ တူညီနေပါတယ်။ လေ့လာဆန်းစစ်သူ များစွာက နောက်မျိုးဆက် iPhone Series ဟာ ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်တစ်ခုလုံးမှာ ရောင်းအားကောင်းမယ်လို့ တွက်ချက်ထားကြပါတယ်။

စမတ်ဖုန်း ရောင်းအားတွေ ကျဆင်းနေပေမယ့် Apple ကတော့ ရောင်းအားကောင်းနေပါတယ်။ ကုမ္ပဏီရဲ့ iPhone 13 Series ရောင်းအားဟာလည်း အရှိန်အဟုန် ကောင်းနေပါတယ်။

ကုန်ကြမ်းဈေးနှုန်း တက်လာတာ၊ ကုန်ကြမ်း ရှားပါးလာတာ အပါအဝင် အကြောင်းအရင်းများစွာကြောင့် iPhone 14 Series ရဲ့ ဈေးနှုန်းဟာ အရင်မျိုးဆက်ထက် ဒေါ်လာ ၁၀၀ ပိုများမယ်လို့ သတင်းထွက်နေပါတယ်။ လာမယ့် လအနည်းငယ်အတွင်းမှာ iPhone 14 Series ရဲ့ ဈေးနှုန်းကို တရားဝင် သိလာရတော့မှာပါ။

Ref : gizmochina