Apple က ကိုရိုနာဗိုင်းရက်စ်ကြောင့် တရုတ်ပြင်ပက စတိုးတွေကို မတ်လမှာ ပိတ်ခဲ့ပါတယ်။ အခုတော့ လူတွေဟာ ကိုရိုနာဗိုင်းရက်စ်ကို ဘယ်လို ကာကွယ်ရမလဲဆိုတာ သိနားလည်လာကြပြီ ဖြစ်တဲ့အတွက် စတိုးတွေကို ပြန်ဖွင့်နေပါတယ်။ ဆွစ်ဇာလန်က စတိုးတွေကိုလည်း မေလ ၁၂ ရက်နေ့မှာ ဖွင့်ပေးတော့မှာပါ။

Apple က မေလ ၁၁ ရက်နေ့မှာ ဂျာမနီက စတိုး ၁၅ ခုကို ပြန်ဖွင့်မယ်လို့ သတင်းထွက်လာပြီးနောက်မှာ အခု သတင်းထွက်လာတာပါ။ လက်ရှိမှာ စတိုး ၄ ခု ဆွစ်ဇာလန်မှာ ရှိပြီး Zurich , Waliselen , Geneva နဲ့ Basel တို့မှာ ၁ ခုစီရှိပါတယ်။ Apple က Idaho, South Carolina, Alabama နဲ့ Alaska တို့မှာ စတိုးတွေကို ဒီတစ်ပတ်မှာ ပြန်ဖွင့်မှာပါ။

ဆွစ်ဇာလန်က စတိုးတွေမှာ တောင်ကိုရီးယား၊ ဩစတီးယားနဲ့ ဩစတြေးလျတို့မှာလို ကျန်းမာရေး ကာကွယ်ပေးမယ့် စည်းကမ်းတွေကို အသုံးပြုမှာ ဖြစ်ပြီး ဖွင့်ချိန်ကို လျှော့ချထားမှာပါ။ စတိုးတွေမှာ ဖုန်း ပြင်ဆင်တာကို ဦးစားပေး ပြုလုပ်မှာ ဖြစ်ပြီး ဖုန်းတွေကို အွန်လိုင်းကနေပဲ ဝယ်ယူဖို့ စားသုံးသူတွေကို တိုက်တွန်းထားပါတယ်။

Apple က နိုင်ငံများစွာမှာ စတိုးတွေ ပြန်ဖွင့်နေပါတယ်။ နိုင်ငံတွေရဲ့ ကိုရိုနာဗိုင်းရက်စ် ကာကွယ်ရေး စည်းမျဉ်းတွေ အပေါ်မူတည်ပြီး စတိုးတွေ ပြန်ဖွင့်နေတာပါ။ စတိုးတွေ မဖွင့်တဲ့ နိုင်ငံတွေမှာ အွန်လိုင်းကနေ ဝယ်ယူနိုင်ပါတယ်။

Ref : gizchina