Apple ဟာ ၂၀၂၂ ခုနှစ်မှာ iPhone Mini ကို ထုတ်လုပ်ရောင်းချတော့မယ့်ပုံပေါ်ပါတယ်။ နာမည်ကြီး Leakster Evan Blass က Apple ဟာ နောက်လမှာ iPhone နဲ့ iPad စုစုပေါင်း ၇ လုံးကို ကြေညာမယ်လို့ ပြောပြီး အောက်မှာ အဲဒီ ထုတ်ကုန်တွေကို လေ့လာနိုင်ပါတယ်။

  1. iPhone 14 Mini
  2. iPhone 14
  3. iPhone 14 Pro
  4. iPhone 14 Pro Max
  5. iPad 10.2 (10th generation)
  6. iPad Pro 12.9 (6th generation)
  7. iPad Pro 11 (4th generation)

အဲဒီထုတ်ကုန်တွေကို စက်တင်ဘာလ ၇ ရက်နေ့ ကယ်လီဖိုးနီးယားက Apple Park မှာ ကြေညာမယ်လို့ ထင်ရပြီး အဲဒီလ ၁၆ ရက်နေ့မှာ ပထမအသုတ် နိုင်ငံတွေမှာ ရောင်းချနိုင်ပါတယ်။

apple photo

အရင်က သတင်းတွေအရ iPhone 14 Mini ကို ထုတ်လုပ်ရောင်းချမှာ မဟုတ်ဘူးလို့ သိခဲ့ရတဲ့အတွက် အခု သတင်းက အံ့အားသင့်စရာကောင်းပါတယ်။ iPhone 13 Mini ရောင်းအား မကောင်းခဲ့တဲ့အတွက် iPhone 14 Mini ကို မရောင်းတော့ဘူးလို့ သိခဲ့ရပါတယ်။

iPhone 14 news: Everything we know - 9to5Mac

အရင်သတင်းတွေအရ iPhone 14 Pro နဲ့ Pro Max မှာ Apple နောက်ဆုံးထုတ် A16 Bionic Chip ထည့်သွင်းထားမှာ ဖြစ်ပြီး တခြား iPhone 14 မော်ဒယ်တွေမှာ A15 Bionic Chip ပဲ ပါလာမှာပါ။

iPad Pro 12.9-inch နဲ့ 11-inch မော်ဒယ်တွေမှာ Apple နောက်ဆုံးထုတ် M2 Apple Silicon SoC နဲ့ mini-LED မျက်နှာပြင်တွေ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။

ref : gizmochina