The Information က Apple ဟာ လာမယ့်နှစ်တွေအတွင်း iPhone ထုတ်လုပ်တဲ့ အလုပ်သမား  ၅၀ ရာခိုင်နှုန်းကို စက်ရုပ်တွေနဲ့ အစားထိုးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ ၂၀၂၂ ခုနှစ်မှာ Foxconn ရဲ့ ပင်မ iPhone တပ်ဆင်တဲ့ စက်ရုံမှာ အလုပ်သမားတွေ ပြဿနာ ဖြစ်ခဲ့ကြပြီးနောက် Apple ရဲ့ အကြီးတန်း ဒုတိယဥက္ကဌ Sabih Khan က ဒီစီမံကိန်းကို ဦးဆောင်ပြုလုပ်တာ ဖြစ်ပါတယ်။

Apple

Apple ရဲ့ အလုပ်သမားတွေကို စက်ရုပ်တွေနဲ့ အစားထိုးမယ့် စီမံကိန်းဟာ ငွေကုန်ကြေးကျ များပြားမှာ ဖြစ်ပေမယ့် ကုမ္ပဏီဟာ စက်ရုပ်တွေနဲ့ အစားထိုးမယ့် စီမံကိန်းမှာ ပူးပေါင်းပါဝင်အောင် iPhone ထုတ်လုပ်ပေးတဲ့ လက်တွဲဖော် ကုမ္ပဏီတွေကို တွန်းအားပေးနေပါတယ်။

Apple considers replacing 50% of iPhone assembly workforce with machines

Apple ရဲ့ Supply Chain မှ ဒေတာ အရ Apple ဟာ ၂၀၂၂ ခုနှစ်မှာ အလုပ်သမား ၁.၆ သန်း ရှိရာကနေ ၂၀၂၃ ခုနှစ်မှာ အလုပ်သမား ၁.၄ သန်းအထိ လျှော့ချထားနိုင်ခဲ့ပါတယ်။ ဒီလို လျှော့ချရခြင်းက ကုမ္ပဏီဟာ လုပ်ငန်းခွင်မှာ စက်ရုပ်တွေကို တိုးချဲ့ခိုင်းစေဖို့ ရည်ရွယ်ထားလို့ ဖြစ်ပါတယ်။

Apple ဟာ DarwinAI နဲ့ Drishti အပါအဝင် မဟာဗျူဟာ ကျတဲ့ ဝယ်ယူမှုတွေကို ပြုလုပ်ခြင်းအားဖြင့် စက်ရုပ်တွေနဲ့ အစားထိုးမယ့် စီမံကိန်းကို အကောင်အထည်ဖော်နေပါတယ်။

Ref : wenewsenglish