Apple ဟာ လက်ရှိအချိန်မှာ iPad Lineup အကုန်လုံးကို Update ပြုလုပ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း iPad တွေထဲမှာ အကောင်းဆုံးဖြစ်တဲ့ iPad Pro ကို M1 Chip ကို ထည့်သွင်းပေးခဲ့ပြီး နောက်ဆုံးမိတ်ဆက်ပေးခဲ့ပါတယ်။

အခုလည်း Apple ကနေ နောက်ထပ် iPad Pro အသစ်ကို ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါ iPad Pro အသစ်ကတော့ လက်ရှိရောင်းချနေတဲ့ iPad Pro တွေကိုပဲ Design ပိုင်းနဲ့ Specification ပိုင်းအဆင့်မြှင့်တင်လာမှာမဟုတ်ဘဲ လုံးဝအသစ်အနေနဲ့ မိတ်ဆက်မှာဖြစ်ပါတယ်။

Apple ကနေ အသစ်မိတ်ဆက်သွားမယ့် iPad Pro အသစ်ကတော့ iPad Pro 14.1-inch ဖြစ်ပြီးတော့ လက်ရှိရောင်းချနေတဲ့ iPad Pro 12.9-inch ထက်တောင် Screen Size ပိုပြီးကြီးမားမှာဖြစ်ပါတယ်။ ဒါပေမယ့် iPad Pro 12.9-inch ကို အစားထိုးသွားမလားဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

တခြားသောသတင်းတွေအရတော့ iPad Pro 14.1-inch ဟာ 16GB RAM ပါဝင်မှာဖြစ်ပြီး 512GB Storage ကို အနိမ့်ဆုံးအနေနဲ့ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ iPad တွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်လာမှာပါ။ Processor ပိုင်းကိုတော့ အတိအကျမသိရသေးပေမယ့် Apple ကနေ Mac ကွန်ပျူတာတွေအတွက် နောက်ဆုံးမိတ်ဆက်ထားတဲ့ M2 Chip ကိုပဲ အသုံးပြုလာဖွယ်ရှိနေပါတယ်။

မိတ်ဆက်မယ့်အချိန်အနေနဲ့ကတော့ ယခုနှစ်ကုန်ပိုင်းလို့ပဲ သိထားရပြီး ပုံမှန်အားဖြင့် Apple ဟာ iPad အသစ်တွေကို iPhone မိတ်ဆက်ပြီးတဲ့ စက်တင်ဘာလနောက်ပိုင်းမှာ မိတ်ဆက်နေကျဖြစ်ပါတယ်။

Ref – Gizmo China