Apple က WWDC မှာ M1 ရဲ့ မျိုးဆက်သစ် M2 Chipset ကို ကြေညာလိုက်ပါတယ်။ M1 ကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကြေညာခဲ့တာ ဖြစ်ပြီး Apple ရဲ့ ပထမဆုံး ARM အခြေပြု ကွန်ပြူတာ Chip ဖြစ်ပါတယ်။
M2 ကို MacBook Air နဲ့ ၁၃ လက်မ MacBook Pro အသစ်တွေမှာ ထည့်သွင်းထားပြီး ဒုတိယမျိုးဆက် 5nm Process နဲ့ တည်ဆောက်ထားတာပါ။ M1 နဲ့ နှိုင်းယှဉ်ရင် M2 ရဲ့ 8 Core CPU ဟာ ၁၈ ရာခိုင်နှုန်း စွမ်းဆောင်ရည် ပိုမိုမြင့်မားပါတယ်။ ဒါဟာ Performance Core တွေ ပိုမိုမြန်ဆန်လာကာ Efficiency Core တွေဟာလည်း သိသိသာသာ တိုးတက်လာလို့ ဖြစ်တယ်လို့ Apple က ပြောပါတယ်။
Samsung Galaxy Book2 360 ရဲ့ Intel Core i7-1255U နဲ့ နှိုင်းယှဉ်ရင် M2 ဟာ စွမ်းဆောင်ရည် ၂ ဆ နီးပါး ပိုကောင်းပြီး စွမ်းအင်ရဲ့ ၄ ပုံ ၁ ပုံကိုပဲ သုံးစွဲကာ Intel Chip ရဲ့ Peak Performance ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ MSI Prestige 14Evo ရဲ့ 12 Core Intel Core i7-1260P နဲ့ နှိုင်းယှဉ်ရင် M2 ဟာ စွမ်းအင်ရဲ့ ၄ ပုံ ၁ ပုံကိုပဲ သုံးစွဲကာ Peak Performance ၉၀ ရာခိုင်နှုန်း နီးပါး ထုတ်လုပ်ပေးနိုင်ပါတယ်။
GPU Core ရဲ့ စွမ်းဆောင်ရည်ဟာလည်း M1 ထက် ပိုတိုးတက်လာပြီး M2 ရဲ့ 10 Core ဟာ M1 ရဲ့ 8 Core GPU ထက် စွမ်းဆောင်ရည် ၂၅ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။ Samsung Galaxy Book2 360 နဲ့ နှိုင်းယှဉ်ရင် M2 ရဲ့ GPU ဟာ ၂.၃ ဆ ပိုမိုမြန်ဆန်ပြီး စွမ်းအင်ရဲ့ ၅ ပုံ ၁ ပုံကို သုံးစွဲကာ Peak Performance ကို ရရှိစေပါတယ်။
16 Core Neural Engine ဟာ M1 ထက် ၄၀ ရာခိုင်နှုန်း ပိုမိုမြန်လာပြီး တစ်စက္ကန့်ကို အလုပ်ပေါင်း ၁၅.၈ ထရီလီယမ်ကို လုပ်ပေးနိုင်ပါတယ်။ Memory Bandwidth က ၅၀ ရာခိုင်နှုန်း ပိုမိုရရှိလာပြီး 100GB/s ကို ရရှိစေပါတယ်။ Memory အပိုင်းမှာ M2 ဟာ 24GB LPDDR5 RAM ကို ပံ့ပိုးပေးထားပါတယ်။
M2 မှာ Transistor ပေါင်း ၂၀ ဘီလီယမ်ကျော် ပါလာပြီး M1 ထက် ၂၅ ရာခိုင်နှုန်း ပိုများပါတယ်။ 6K External Display , ProRes Encode နဲ့ Decode, 8K H.264 , HEVC Video တွေကို ထောက်ပံ့ပေးထားပါတယ်။
Ref : gsmarena