အနာဂတ်မှာ ခွဲစိတ်ခန်းတွေမှာ Apple Vision Pro ကို ဆရာဝန်တွေက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတော့မှာပါ။ ပြီးခဲ့တဲ့ ၁ လကပဲ လန်ဒန်မှာ Apple Vision Pro ကို ခွဲစိတ်ခန်းမှာ အသုံးပြုခဲ့ပါတယ်။ အခုတော့ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါမှာ ပုခုံး ခွဲစိတ်မှုမှာ အသုံးပြုခဲ့ပါတယ်။

Apple Vision Pro

ဆရာဝန်တွေဟာ ခွဲစိတ်ခန်းသုံး ကိရိယာတွေနဲ့ ညွှန်ကြားချက်တွေကို Headset ကနေ တိုက်ရိုက် သိရှိနိုင်ပါတယ်။ ခွဲစိတ်ရာမှာ ပိုမို လျှင်မြန်ပြီး ပိုကောင်းလာပါတယ်။ ခွဲစိတ် ကိရိယာတွေကို တိကျစွာ ညွှန်ကြားပေးနိုင်ပါတယ်။

eXeX အမည်ရ Software ကုမ္ပဏီက Vision Pro အတွက် အထူး Application ၁ ခုကို ဖန်တီးထားပါတယ်။ အဲဒီ App ကို myMako လို့ ခေါ်ပြီး တင်ပါး၊ ဒူးခေါင်း ခွဲစိတ်ရာမှာ အထောက်အကူ ရအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

eXeX က ဒီနည်းပညာဟာ လူနာအတွက် ပိုကောင်းတဲ့  ကုသမှုကို ပံ့ပိုးပေးပြီး လူနာဟာ နာကျင်မှု နည်းပါးသလို နလန်ထတဲ့ အချိန် ပိုမြန်တယ်လို့ ပြောပါတယ်။

Apple's Vision Pro successfully used in a shoulder replacement surgery in  Florida - Tech

Rothman Orthopedic Institute မှ ဒေါက်တာ G. Russell Huffman က Vision Pro မှာ myMako App ကို အသုံးပြုပြီး ခွဲစိတ်ခဲ့တာ ဖြစ်ပါတယ်။ ဖလော်ရီဒါ ပြည်နယ်၊ အော်လန်ဒိုမှ AdventHealth Surgery Center မှာ ခွဲစိတ်မှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Ref : gizmochina