Apple က iPhone တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ Spyware နဲ့ ပတ်သက်ပြီး နိုင်ငံပေါင်း ၉၂ ခုမှ User တွေထံ သတိပေးစာတွေ ပေးပို့လိုက်ပါတယ်။ သတိပေးစာမှာ “ သင့် Apple ID ကို ခိုးယူပြီး iPhone ကို အဝေးကနေ ထိန်းချုပ်နိုင်တဲ့ Spyware ၁ ခု ထွက်ပေါ်နေပါတယ်။ သင့်ဖုန်းရဲ့ ဒေတာတွေကို ခိုးယူသွားနိုင်ပါတယ်။ “ လို့ ရေးသားထားပါတယ်။

iphone-featured

Apple က အဲဒီ တိုက်ခိုက်မှုကို ကာကွယ်နိုင်မယ့် နည်းလမ်း အသေးစိတ်ကို မပြောသေးပေမယ့် တကယ် အလေးအနက်ထားပြီး သတိပေးလိုက်တာလို့ ပြောပါတယ်။

iPhone users in 92 countries received a spyware attack alert | Mashable

Apple ဟာ ဒီလို သတိပေးစာတွေ ပေးပို့တာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်ကတည်းက ကုမ္ပဏီဟာ နိုင်ငံပေါင်း ၁၅၀ ကျော်မှ User တွေထံ သတိပေးစာတွေ ပေးပို့ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကလည်း အိန္ဒိယမှ မီဒီယာသမားတွေနဲ့ နိုင်ငံရေးသမားတွေထံ ပေးပို့ခဲ့ပါတယ်။ Apple က အခု သတိပေးစာပေးပို့တဲ့ နိုင်ငံစာရင်းကိုတော့ မပြောပါဘူး။

Apple ဟာ User လုံခြုံရေးကို အလေးထားတဲ့ ကုမ္ပဏီ ဖြစ်ပြီး သင်ဟာ Apple ရဲ့ သတိပေးစာကို ရရှိရင် သင့် iPhone လုံခြုံရေးကို အကောင်းဆုံး ပြုလုပ်ထားသင့်ပါတယ်။

Ref : gizmochina