Apple ရဲ့  ထုံးစံအရ ကုမ္ပဏီက ထုတ်တဲ့ Mobile Device တွေရဲ့ Specs အသေးစိတ်ကို ကြေညာလေ့ မရှိပါဘူး။ ပူပူနွေးနွေး ကြေညာထားတဲ့ Apple Watch Series 7 ဟာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ အခုတော့ Apple ကုမ္ပဏီအတွင်းပိုင်းက စာရွက်စာတမ်း ၁ ခု ထွက်ပေါ်လာပြီး အဲဒီမှာ Apple Watch Series 7 ရဲ့ Specs အသေးစိတ်ကို ဖော်ပြထားပါတယ်။ အဲဒီ စာရွက်စာတမ်းကို တွစ်တာမှာ User @alixrezax က မျှဝေလိုက်တာ ဖြစ်ပါတယ်။

Apple Watch Series 7 specs sheet info (source: @alixrezax)

Apple Watch Series 7 ရဲ့ Specs တွေကို Series 6 , Series 3 , SE မော်ဒယ်တွေနဲ့အတူ ပြသထားတာကို မြင်ရပါတယ်။

Detailed Apple Watch Series 7 specs sheet (source: @alixrezax)

အဲဒီမှာ မတူညီတဲ့ Watch Series 7 မော်ဒယ်တွေရဲ့ အလေးချိန် သတင်းအချက်အလက်ကို ဖော်ပြထားပါတယ်။ ၄၁ မီလီမီတာ အရွယ်အစား မော်ဒယ်မှာ အလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားပြီး ၃၂ ဂရမ် အလေးချိန် ရှိပါတယ်။ Stainless Steel ကိုယ်ထည် မော်ဒယ်ရဲ့ အလေးချိန်က ၄၂.၃ ဂရမ် ဖြစ်ပြီး တိုက်တေနီယမ် မော်ဒယ်က ၃၇ ဂရမ် အလေးချိန်ရှိပါတယ်။ အရွယ်အစား ပိုကြီးတဲ့ ၄၅ မီလီမီတာ မော်ဒယ်(အလူမီနီယမ်)က ၃၈.၈ ဂရမ်၊ Stainless Steel က ၅၁.၅ ဂရမ်နဲ့ တိုက်တေနီယမ်က ၄၅.၁ ဂရမ် အလေးချိန် ရှိပါတယ်။

အဲဒီ စာရွက်စာတမ်းမှာ Watch  Series  7 ရဲ့ Chipset ကိုလည်း ဖော်ပြထားပါတယ်။ S7 System-in-Package(SiP) မောင်းနှင်ထားပြီး အရင်နှစ်ထုတ် Apple Watch SE ရဲ့ S5 SiP ထက် ၂၀ ရာခိုင်နှုန်း ပိုမြန်ပါတယ်။ Nike မော်ဒယ် အပါအဝင် Watch Series 7 အားလုံးရဲ့ Internal Storage ဟာ 32GB ဖြစ်ပြီး SE , Series 6 မော်ဒယ်တွေနဲ့ တူညီနေပါတယ်။

Ref : gsmarena