iPhone အဟောင်းတွေကို နှေးအောင် လုပ်တဲ့အတွက် တရားရုံးက သတ်မှတ်ထားတဲ့ ဒဏ်ငွေ ဒေါ်လာ သန်း ၅၀၀ ကို Apple ပေးဖို့ သဘောတူလိုက်ပါတယ်။ Apple ဟာ iPhone ၁ လုံးအတွက် ၂၅ ဒေါ်လာနဲ့ အနည်းဆုံး ဒဏ်ငွေ ၃၁၀ ဒေါ်လာ ပေးဆောင်မှာပါ။
အမေရိကန်မှာ နေထိုင်ပြီး iOS 10.2.1 နဲ့အထက် ထည့်သွင်းထားတဲ့ iPhone 6, 6 Plus, 6s, 6s Plus, 7, 7Plus နဲ့ SE ကိုင်ထားသူတွေက Apple ဆီကနေ နစ်နာကြေးတောင်းနိုင်ပါတယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ မတိုင်ခင် iOS 11.2 ထည့်ထားတဲ့ iPhone 7 နဲ့ 7 Plus ပိုင်ရှင်တွေလည်း အကျုံးဝင်ပါတယ်။ နစ်နာကြေးတောင်းတဲ့ လူအရေအတွက်ပေါ်မူတည်ပြီး Apple ပေးရမယ့် နောက်ဆုံး ဒဏ်ငွေပမာဏက ပြောင်းလဲသွားမှာပါ။
၂၀၁၇ ခုနှစ်မှာ Apple က ဖုန်း အလိုလို ပိတ်သွားတာကို ကာကွယ်ဖို့အတွက် ဘက်ထရီ သိပ်မကောင်းတော့တဲ့ iPhone အဟောင်းတွေကို နှေးအောင်လုပ်ထားတယ်ဆိုတာ ဝန်ခံခဲ့ပြီး နစ်နာသွားတဲ့ သုံးစွဲသူတွေက ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေမှာ တရားစွဲခဲ့ကြပါတယ်။
Apple က သုံးစွဲသူတွေ စိတ်ကျေနပ်စေဖို့ ၂၉ ဒေါ်လာနဲ့ ဈေးလျှော့ပြီး ဘက်ထရီတွေ လဲပေးခဲ့တဲ့အပြင် ဖုန်းနှေးအောင်လုပ်တာကို ပိတ်နိုင်တဲ့ iOS Feature ၁ ခု ထည့်ပေးခဲ့ပါတယ်။ iOS 11 Update မှာ Apple က ဖုန်း ဘက်ထရီသတင်းအချက်အလက်တွေ ပိုသိအောင် ပံ့ပိုးပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့လကပဲ iPhone အဟောင်းတွေ နှေးအောင်လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး Apple ကို ပြင်သစ်က ဒဏ်ငွေ ဒေါ်လာ ၂၇ သန်းနဲ့ ၂၀၁၈ ခုနှစ်မှာ အီတလီက ၁၁.၄ သန်း တောင်းဆိုခဲ့ပါတယ်။ ဒေါ်လာ သန်း ၅၀၀ လောက်က Apple အတွက် သိပ်မှုစရာ မလိုပေမယ့် သုံးစွဲသူတွေကို ပွင့်လင်းမြင်သာတဲ့ သတင်းအချက်အလက်တွေ ပေးဖို့ အရေးကြီးတယ်ဆိုတာ မီးမောင်းထိုးပြလိုက်တာပါ။
Ref : tnw