Apple က iPhone 14 Series နဲ့ စမတ်နာရီ အသစ်တွေကို ဒီလ ၇ ရက်နေ့က ပူပူနွေးနွေးကြေညာထားပါတယ်။ ကုမ္ပဏီက စမတ်ဖုန်းနဲ့ စမတ်နာရီတွေအတွက် နောက်မျိုးဆက် Software Update ကို ရရှိမယ့် အချိန်ကိုလည်း ပြောကြားထားပါတယ်။ အဲဒီနေ့က စက်တင်ဘာလ ၁၂ ရက်နေ့ ဖြစ်ပါတယ်။
iOS 16 ကို လက်ရှိ ရောင်းချထားတဲ့ iPhone အားလုံးအတွက် ဖြန့်ချိပေးမှာ ဖြစ်ပြီး watchOS 9 ကို Series 4 နဲ့ နောက်ပိုင်းထုတ် စမတ်နာရီတွေအတွက် ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ စမတ်နာရီမှာ နောက်ဆုံးထုတ် Software ကို တင်ဖို့အတွက် သင့် iPhone မှာ iOS 16 ကို အရင် တင်ထားဖို့ လိုအပ်ပါတယ်။
iOS 16 နဲ့ watchOS 9 ကို ဇွန်လမှာ Apple ရဲ့ နှစ်စဉ်ကျင်းပတဲ့ Developer Conference မှာ iPadOS 16 နဲ့အတူ ကြေညာခဲ့တာ ဖြစ်ပါတယ်။ Apple Mobile Software ရဲ့ တက်ဘလက် Version ကို စက်တင်ဘာလ ၁၂ ရက်နေ့ဖြန့်ချိမှာ မဟုတ်ပါဘူး။ Apple ဟာ Stage Manager Multitasking လုပ်ဆောင်ချက်ကို မွမ်းမံဖို့ လိုအပ်နေပါသေးတယ်။
iPadOS ကို အောက်တိုဘာလမှာ ဖြန့်ချိနိုင်တဲ့ iOS 16.1 , iPadOS 16.1 တို့နဲ့အတူ ဖြန့်ချိနိုင်ပါတယ်။
ref : gsmarena