Apple က မေလ ၁၉ ရက်နေ့မှာ အီတလီက စတိုးတွေရဲ့ ထက်ဝက်လောက်ကို ပြန်ဖွင့်မယ်လို့ ကြေညာလိုက်ပါတယ်။ အီတလီ မီဒီယာ La Repubblica က စတိုး ၁၀ ခုကို ပြန်ဖွင့်မယ်လို့ ရေးသားထားပြီး Florence , East Rome နဲ့ Sicily က စတိုးတွေ ပြန်ဖွင့်ဖို့ သေချာပါတယ်။ ဒါပေမယ့် Lyon နဲ့ Milan ‘s Piazza Liberty က စတိုးတွေကို ပိတ်ထားမှာပါ။

‘La Repubblica’ က ဒီသတင်းကို Apple ကနေ ရတာလို့ ပြောပါတယ်။ Apple ဟာ အဲဒီ စတိုးတွေမှာ ဖွင့်ချိန်တွေကို ပြောင်းလဲထားမှာ ဖြစ်ပြီး ကျန်းမာရေးအတွက် အစီအမံတွေ ကျင့်သုံးမှာပါ။ အရင်က Apple ဟာ ဩစတြီးယား အပါအဝင် နိုင်ငံများစွာမှာ စတိုးတွေ ပြန်ဖွင့်မယ်လို့ ပြောခဲ့ဖူးပါတယ်။ Apple က “ အီတလီက စတိုးတွေမှာ ဧည့်သည်တွေ ပြန်လာကြမယ့်အတွက် ဝမ်းသာပါတယ်။ လိုအပ်တဲ့ အကူအညီနဲ့ ဝန်ဆောင်မှုတွေ ပေးသွားမှာပါ။ Social Distancing စည်းကမ်းနဲ့ တစ်ချိန်မှာ စတိုးအတွင်း လည်ပတ်သူ အရေအတွက်ကို ကန့်သတ်ထားမှာပါ။ “ လို့ ရေးသားထားပါတယ်။

Apple ဟာ အီတလီက စတိုးတချို့ကို ပြန်မဖွင့်ခင်မှာ ဩစတြီးယားနဲ့ ဆွစ်ဇာလန်မှာ အရင်ဖွင့်ခဲ့သလို  အမေရိကန်က စတိုးတချို့ကိုလည်း ပြန်ဖွင့်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရက်စ်ကူးစက်တာကို ထိန်းချုပ်ဖို့အတွက်  အီတလီ အပါအဝင် တရုတ်ပြင်ပက စတိုးတွေကို မတ်လ ၁၂ ရက်နေ့မှာ ပိတ်ခဲ့ပြီး ၂ လကျော်အကြာ မေလ ၁၉ ရက်နေ့မှာ ပြန်ဖွင့်တော့မှာ ဖြစ်ပါတယ်။ ရက်သတ္တပတ်နဲ့ဆိုရင် ၁၀ ပတ်လောက် ပိတ်ခဲ့ရတာပါ။

Ref : gizchina