Apple ဟာ နောက်မျိုးဆက် ထုတ်ကုန်တွေကို ကြေညာဖို့ အချိန် နီးသထက်နီးလာပါပြီ။ Bloomberg ရဲ့ Mark Gurman က Apple ဟာ စက်တင်ဘာလ ၇ ရက်နေ့မှာ iPhone 14 ကို ကြေညာမှာ ဖြစ်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့မှာ ရောင်းချမယ်လို့ ပြောပါတယ်။ သူက Apple စတိုး ဝန်ထမ်းတချို့ကို စက်တင်ဘာလ ၁၆ ရက်နေ့ ရောင်းချဖို့ ပြင်ဆင်ထားခိုင်းတယ်လို့ ပြောပါတယ်။

Apple will reportedly hold iPhone 14 event on September 7

Apple ဟာ နှစ်တိုင်း စက်တင်ဘာလမှာ စမတ်ဖုန်း အသစ်တွေကို ကြေညာလေ့ရှိပြီး ကပ်ရောဂါ စတင် ဖြစ်ပွားပြီးနောက်ပိုင်းမှာ အွန်လိုင်းကနေ Livestream နဲ့ မိတ်ဆက်ခဲ့ပါတယ်။ iPhone 14 မိတ်ဆက်ပွဲအတွက် Apple ဝန်ထမ်းတွေကို ဗီဒီယိုတွေ ရိုက်ကူးခိုင်းထားတယ်လို့ သတင်းထွက်နေပါတယ်။

Apple's iPhone 14 event will reportedly take place in early September - timetotimes.com

Apple ဟာ iPhone 14 မော်ဒယ် အသစ် ၄ လုံး၊ Mac ကွန်ပြူတာ အသစ်၊ iPad အသစ်နဲ့ Apple Watch အသစ်တို့ကို ကြေညာမယ်လို့ ထင်ပါတယ်။ iPhone 14 Series မှာ Mini မော်ဒယ် မပါလာတော့ဘဲ ၆.၁ လက်မ မျက်နှာပြင် ပါတဲ့ မော်ဒယ် ၂ ခုနဲ့ ၆.၇ လက်မ မျက်နှာပြင်ပါတဲ့ မော်ဒယ် ၂ ခု ပါလာမှာပါ။ ၆.၇ လက်မ Non-pro မော်ဒယ်ကို Apple မရောင်းချတာ ပထမဆုံး အကြိမ် ဖြစ်လာမှာပါ။

iPhone 14 မော်ဒယ်တွေမှာ Notch ဒီဇိုင်းကို ဆန်းသစ်ထားမှာ ဖြစ်ပြီး ဆဲလ်ဖီး ကင်မရာကို အဆင့်မြှင့်ထားမှာပါ။ iPhone 14 Pro မှာ အရွယ်အစား ပိုမို ကြီးမားတဲ့ ကင်မရာ Island ပါလာမှာ ဖြစ်ပြီး Pro မော်ဒယ် အသစ်တွေမှာ A16 Chipset မောင်းနှင်ထားမှာပါ။ Pro မော်ဒယ်မှာ Always-on Display ပါလာနိုင်ပါတယ်။

ref : gsmarena