ကိုလမ်ဘီယာက တရားရုံး ၁ ခုက 5G iPhone နဲ့ iPad တွေကို နိုင်ငံတွင်းမှာ ရောင်းချခွင့်ပိတ်ပင်လိုက်ပါတယ်။ တရားရုံးက အဲဒီ Apple ထုတ်ကုန်တွေဟာ Ericsson ပိုင်ဆိုင်တဲ့ Patent ၁ ခုကို ကူးယူထားတယ်လို့ ဆုံးဖြတ်ပါတယ်။

Apple iPhone 13 Pro Green Color

ဘိုဂိုတာ တရားရုံးက 5G Patent ကို Apple က ကူးယူထားတယ်လို့ စွပ်စွဲထားတဲ့ Ericsson ကို အသာပေး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ တရားရုံးက ၂၀၃၅ ခုနှစ် အထိ တရားဝင်တဲ့ ၂၀၁၉ ခုနှစ်က Ericsson ရဲ့ Patent ကို Apple ရဲ့ 5G ဟာ့ဒ်ဝဲမှာ ကူးယူထားတယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို ဧပြီလက ပြုလုပ်ခဲ့တာ ဖြစ်ပြီး Ericsson က အခုတော့ အတည်ဖြစ်အောင် ကြိုးစားလိုက်တာ ဖြစ်ပါတယ်။ အခု အတည်ပြု ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ ၁ ပတ်က ပြုလုပ်ခဲ့တာ ဖြစ်ပြီး Apple ရဲ့ ကိုလမ်ဘီယာ ဌာနဟာ 5G iPhone နဲ့ iPad တွေကို နိုင်ငံတွင်းမှာ ရောင်းချလို့ မရတော့ပါဘူး။

iPad Air 5

တရားရုံးက အဲဒီ Patent ကို ကူးယူထားတဲ့ ဘယ်ထုတ်ကုန်ကိုမဆို Apple ဟာ ကိုလမ်ဘီယာမှာ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ ကြော်ငြာခြင်းတွေကို ပြုလုပ်ခွင့် တားမြစ်လိုက်ပါတယ်။ တရားရုံးက နိုင်ငံထဲက တရားရေး အာဏာပိုင်တွေကို အခု ဆုံးဖြတ်ချက်ကို လိုက်နာအောင် သတိပေးထားပါတယ်။

Apple က ကိုလမ်ဘီယာ တရားရုံးရဲ့ တားမြစ်ချက်ဟာ Ericsson ကို Apple က Royalty ကြေးပေးအောင် ဖိအားပေးလိုက်တာလို့ ပြောပါတယ်။

Ref : gizmochina