Apple အကြောင်း ကျွမ်းကျင်တဲ့ နာမည်ကြီး လေ့လာဆန်းစစ်သူ Mark Gurman က ဒီလ အစောပိုင်းမှာ Apple ဟာ iPhone 16 Series ကို စက်တင်ဘာလ ၁၀ ရက်နေ့ ကြေညာမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အဲဒီနေ့ဟာ ပြီးခဲ့တဲ့နှစ်က iPhone 15 Series ကို ကြေညာခဲ့တဲ့ ရက်သတ္ပတ်ထဲမှာပဲ ဖြစ်ပါတယ်။ အခုတော့ Gurman က Apple ကုမ္ပဏီတွင်းက ထွက်လာတဲ့ သတင်းကို အခြေခံကာ iPhone 16 Series ရောင်းချမယ့်နေ့ကို ပြောပြပါတယ်။

Apple iPhone 16 vs iPhone 15: All the rumoured differences to expect | Technology News - The Indian Express

သူက Apple ဟာ စက်တင်ဘာလ ၁၀ ရက်နေ့ iPhone 16 Series မိတ်ဆက်ပွဲကို ပြုလုပ်ဖို့ သတ်မှတ်ပြီးပြီ ဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့မှာ စတင် ရောင်းချနိုင်တယ်လို့ ပြောပါတယ်။ မိတ်ဆက်ပွဲပြီးနောက် သိပ်မကြာခင်မှာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကတော့ Apple ရဲ့ ထုံးစံအတိုင်း ဖြစ်ပါတယ်။

iPhone 16: Everything We Know About the Release Date, Leaks and More - CNET

မိတ်ဆက်ပွဲကို ကျင်းပနေကျ Cupertino မှ Apple Park မှာပဲ ပြုလုပ်မှာ ဖြစ်ပြီး ကုမ္ပဏီဟာ ပွဲအတွက် ဖိတ်စာတွေကို နောက်တစ်ပတ်ထဲမှာ ပေးပို့မှာ ဖြစ်ပါတယ်။

Gurman က iPhone 16 Series ထုတ်လုပ်မှုဟာ အဆင်ပြေကောင်းမွန်နေတဲ့အတွက် စက်တင်ဘာလ ၂၀ ရက်နေ့မှာ iPhone 16 မော်ဒယ် ၄ လုံးစလုံးကို ရောင်းချနိုင်တယ်လို့ ပြောပါတယ်။

Ref : gsmarena