Apple ဟာ နောက်မျိုးဆက် M4 Chip ကို တီထွင်နေပြီး နောက်ထွက်မယ့် Macs မှာ ထည့်သွင်းထားမှာပါ။ Apple ဟာ Mac Series အားလုံးမှာ M4 Chip ကို ထည့်သွင်းပေးချင်နေပါတယ်။ M4 မှာ AI စွမ်းရည်ကို အသားပေးထားမယ်လို့ Apple အရေးကျွမ်းကျင်တဲ့ Mark Burman က ပြောပါတယ်။
Mac ရောင်းအားဟာ ပြီးခဲ့တဲ့နှစ် ၂၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၂၂ ခုနှစ်တုန်းကတော့ ရောင်းအားကောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ထွက်ခဲ့တဲ့ M3 Mac ရောင်းအားဟာ မကောင်းခဲ့ပါဘူး ။ ဘာလို့လည်း ဆိုတော့ M3 ဟာ M2 ထက် စွမ်းဆောင်ရည် အများကြီး မတိုးတက်လာလို့ ဖြစ်ပါတယ်။
M4 Chip ဟာ Apple ထုတ်ကုန် အားလုံးမှာ AI စွမ်းရည်ကို ယူဆောင်လာပေးမှာ ဖြစ်ပါတယ်။ M4 ပါတဲ့ ပထမဆုံး Mac တွေဟာ ဒီနှစ်နှောင်းပိုင်းမှာ ထွက်လာမှာ ဖြစ်ပြီး နောက်နှစ်မှာလည်း ဆက်တိုက်ထွက်လာမှာပါ။
ဒီနှစ်မကုန်ခင်မှာ iMac အသစ်၊ တန်ဖိုးနည်း 14” MacBook Pro ၊ စွမ်းရည်မြင့် 14” နဲ့ 16” MacBook Pro ၊ Mac Mini တို့ ထွက်လာနိုင်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ Apple ဟာ M4 ပါတဲ့ 13” နဲ့ 15” MacBook Air , Mac Studio နဲ့ Mac Pro တို့ကို ကြေညာနိုင်ပါတယ်။
Ref : gsmarena