လက်ရှိအချိန်မှာ Apple Store ကနေ Gift Card ဝယ်မယ်ဆိုရင် အနည်းငယ်ရှုပ်ထွေးနေပါတယ်။ ဘာကြောင့်လဲဆိုရင် Apple ကနေ App Store Payment ၊ Apple App Subscription နဲ့ iCloud တွေအတွက် iTunes Gift Card နဲ့ Apple Store အပါအဝင် Online Store ကနေ Apple Product တွေဝယ်ယူဖို့အတွက် Gift Card ဆိုပြီး ခွဲခြားထားတာကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Apple ကနေ Gift Card တွေကို အမျိုးအစားတစ်မျိုးထဲပေါင်းစပ်တော့မယ်လို့ သိရပါတယ်။ အဆိုပါ Gift Card အသစ်ကိုတော့ Apple Gift Card လို့နာမည်ပေးလာမယ်ဆိုပြီး MacRumors ကနေ ဖော်ပြသွားခဲ့ပါတယ်။

အဆိုပါ Apple Gift Card အသစ်ဟာဆိုရင် App Store နဲ့ iCloud တွေတင်မဟုတ်ဘဲ Apple Product တွေကို Apple Store အပါအဝင် Online ကပါ ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Apple နဲ့ သက်ဆိုင်တဲ့ Product တွေ၊ Service တွေအကုန်လုံးကို Gift Card တစ်မျိုးတည်းနဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပြီး လက်ဆောင်ပေးမယ်ဆိုရင် ပိုရွေးချယ်ရလွယ်ကူသွားမှာဖြစ်ပါတယ်။

Design ပိုင်းအရလည်း Apple Gift Card အသစ်ဟာ ပုံစံပြောင်းလဲထားမှာဖြစ်ပြီး Apple Logo ကို ရောင်စုံပြုလုပ်ထားသလို Digital Card Version မှာ Design ၈ မျိုးနဲ့ Physical Version မှာတော့ Design ၅ မျိုးအထိရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ Apple Gift Card ဟာ US နိုင်ငံအတွက်ပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပြီး နောက်ပိုင်းမှာ တခြားသော Apple Store တွေမှာပါ အသုံးပြုနိုင်ဖို့များပါတယ်။

Ref – The Verge