Google ဟာ စက်တင်ဘာလတုန်းက Maps အတွက် AR-based Live View ရှာဖွေမှုကို ကြေညာခဲ့ပါတယ်။ အဲဒီနောက် ကုမ္ပဏီဟာ အဆင့်မြှင့်တင်မှုနဲ့အတူ ရှေ့ဆက်သွားဖို့အတွက် အဆင်သင့် ဖြစ်နေပြီလို့ ယုံကြည်ရပါတယ်။

Google Maps အတွက် လုပ်ဆောင်ချက်အသစ်ကို လော့စ်အိန်ဂျလိစ်၊ လန်ဒန်၊ နယူးယော့ခ်၊ ပဲရစ်၊ ဆန်ဖရန်စ္စကိုနဲ့ တိုကျို စတဲ့ ရွေးချယ်ထားတဲ့ မြို့ကြီးတွေမှာ စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်အသစ်ဟာ ဖုန်းရဲ့ ကင်မရာကို အချိန်နဲ့တပြေးညီသွားလာနိုင်အောင် ကူညီပေးတဲ့ လက်ရှိ Live View လိုမျိုးပဲ လုပ်ဆောင်ပေးတယ်လို့ သိရပါတယ်။

Live View mode ဟာ အသုံးပြုသူရဲ့ ပတ်ဝန်းကျင်ရဲ့ ထိပ်မှာမြားလေးတွေပေါ်လာပြီး လမ်းညွှန်ပြသမှာဖြစ်သလို၊ ရှာဖွေနေတဲ့ အထင်ကရနေရာတွေ၊ ဒါမှမဟုတ် တခြားနေရာတွေကိုလည်း ညွှန်ပြပေးမှာ ဖြစ်ပါတယ်။ ဘီလီယံပေါင်းများစွာသော Street View ပုံတွေ၊ AI နဲ့ AR ကို အသုံးပြုပြီး Live View ရှာဖွေရွေးချယ်မှုအသစ်ဟာ ပတ်ဝန်းကျင်ကို ပိုပြီးနားလည်သဘောပေါက်စေနိုင်မှာ ဖြစ်ပါတယ်။

အဆောက်အဦတွေပေါ်မှာ ပေါ်လာတဲ့ အညွှန်းတွေဟာ Busy hours, Price range, rating စတဲ့ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေကို ဖော်ပြပေးမှာဖြစ်သလို ဆိုင်ဆိုရင်လည်း ဖွင့်လားပိတ်လားပါ သိရှိစေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် EV အားသွင်းစခန်းရွေးချယ်မှုအသစ်မှာ 50kW အထက်မှာ တွဲဖက်အသုံးပြုနိုင်တဲ့ စတေရှင်၊ အမြန်အားသွင်းစက်တွေကိုပါ ရှာဖွေနိုင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် Google ဟာ Wheelchair-accessible ရှာဖွေမှုကို သြစတြေးလျ၊ ဂျပန်၊ ယူကေနဲ့ ယူအက်စ်တို့မှာပဲ ဝန်ဆောင်ပေးထားရာကနေ ကမ္ဘာ့တစ်ဝန်းလုံး အသုံးပြုနိုင်အောင်လည်း လုပ်ဆောင်နေပြီလို့ သိရပါတယ်။ Feature သစ်တွေကို လာမဲ့ ရက်သတ္တပတ်စတင်ပြီး Android နဲ့ iOS အသုံးပြုသူတွေဆီမှာ ရရှိနိုင်မယ်လို့ သိရပါတယ်။

Ref: GSM Arena