[Zawgyi]

တ႐ုတ္−အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ အေမရိကန္ကုမၸဏီေတြဟာ Huawei နဲ႔ လက္တြဲလုပ္ေဆာင္ခြင့္ ရပ္တန႔္ခဲ့ရပါတယ္။ Qualcomm တို႔ Google တို႔ကေတာ့ အေမရိကန္ ကုမၸဏီစစ္စစ္ေတြျဖစ္တာေၾကာင့္ ထရမ့္အစိုးရရဲ႕ မူဝါဒအတိုင္း Huawei နဲ႔ ကုန္သြယ္မႈကို ရပ္ဆိုင္းခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ယူေကအေျခစိုက္ျဖစ္ေပမယ့္ ARM ကလည္း အေမရိကန္ရဲ႕ နည္းပညာအခ်ိဳ႕ ပါဝင္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ Huawei ကို ဆက္ၿပီးလက္တြဲဖို႔ ျငင္းပယ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ၂၀၁၉ ခုႏွစ္ေအာက္တိုဘာလေနာက္ဆုံးပတ္နားေရာက္ခ်ိန္မွာေတာ့ အေျခအေနေတြက တစ္မ်ိဳးတစ္ဖုံ ေျပာင္းသြားၿပီလို႔ ဆိုရမွာပါ။

ARM ရဲ႕ Processor Architecture ေတြဟာ Chipmakers အေတာ္မ်ားမ်ားကို လိုင္စင္ေပးထားတာပါ။ သူ႔ရဲ႕ Cortex-Axx CPU cores ေတြဟာ Qualcomm ရဲ႕ Snapdragon လိုင္းနဲ႔ Apple ရဲ႕ Ax SoC ေတြမွာ အသုံးျပဳထားတာကေတာ့ လူအေတာ္မ်ားမ်ားလည္း သိၿပီးသား ျဖစ္ပါလိမ့္မယ္။

ARM ရဲ႕ ဒီဇိုင္းထဲမွာ “US original technology” ပါဝင္တယ္လို႔ ဆိုခဲ့တာေၾကာင့္ ARM ရဲ႕ Cortex-A76 နဲ႔ Cortex-A55 CPU cores ေတြသုံးထားတဲ့ Kirin 990 ကိုသုံးတဲ့ Huawei အတြက္ စိုးရိမ္စရာေတြ ျဖစ္သြားခဲ့ရပါတယ္။ ဒါေပမယ့္ Reuters ရဲ႕ ေရးသားေဖာ္ျပခ်က္ရ ARM ရဲ႕ နည္းပညာဟာ UK ကပဲ လာတာျဖစ္ၿပီး US ကလာတာ မဟုတ္ဘူးလို႔ သိခဲ့ရပါတယ္။

ARM ရဲ႕ v8 နဲ႔ v9 ေတြဟာ “UK-origin technologies” သာ ျဖစ္တယ္လို႔ ARM ရဲ႕ ေျပာေရးဆိုခြင့္ရွိသူက Reuters ဆီကို အီးေမးလ္ပို႔ခဲ့တယ္လို႔ ဆိုပါတယ္။ အဓိပၸါယ္ကေတာ့ ARM အေနနဲ႔ Huawei ကို ဆက္ၿပီး လက္တြဲလုပ္ေဆာင္သြားေတာ့မယ္လို႔ ေျပာလိုက္တာပဲ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

Huawei နဲ့ ပြန်ပြီး စီးပွားရေးလုပ်တော့မယ့် ARM

တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်ကုမ္ပဏီတွေဟာ Huawei နဲ့ လက်တွဲလုပ်ဆောင်ခွင့် ရပ်တန့်ခဲ့ရပါတယ်။ Qualcomm တို့ Google တို့ကတော့ အမေရိကန် ကုမ္ပဏီစစ်စစ်တွေဖြစ်တာကြောင့် ထရမ့်အစိုးရရဲ့ မူဝါဒအတိုင်း Huawei နဲ့ ကုန်သွယ်မှုကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူကေအခြေစိုက်ဖြစ်ပေမယ့် ARM ကလည်း အမေရိကန်ရဲ့ နည်းပညာအချို့ ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ Huawei ကို ဆက်ပြီးလက်တွဲဖို့ ငြင်းပယ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်နားရောက်ချိန်မှာတော့ အခြေအနေတွေက တစ်မျိုးတစ်ဖုံ ပြောင်းသွားပြီလို့ ဆိုရမှာပါ။

ARM ရဲ့ Processor Architecture တွေဟာ Chipmakers အတော်များများကို လိုင်စင်ပေးထားတာပါ။ သူ့ရဲ့ Cortex-Axx CPU cores တွေဟာ Qualcomm ရဲ့ Snapdragon လိုင်းနဲ့ Apple ရဲ့ Ax SoC တွေမှာ အသုံးပြုထားတာကတော့ လူအတော်များများလည်း သိပြီးသား ဖြစ်ပါလိမ့်မယ်။

ARM ရဲ့ ဒီဇိုင်းထဲမှာ “US original technology” ပါဝင်တယ်လို့ ဆိုခဲ့တာကြောင့် ARM ရဲ့ Cortex-A76 နဲ့ Cortex-A55 CPU cores တွေသုံးထားတဲ့ Kirin 990 ကိုသုံးတဲ့ Huawei အတွက် စိုးရိမ်စရာတွေ ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် Reuters ရဲ့ ရေးသားဖော်ပြချက်ရ ARM ရဲ့ နည်းပညာဟာ UK ကပဲ လာတာဖြစ်ပြီး US ကလာတာ မဟုတ်ဘူးလို့ သိခဲ့ရပါတယ်။

ARM ရဲ့ v8 နဲ့ v9 တွေဟာ “UK-origin technologies” သာ ဖြစ်တယ်လို့ ARM ရဲ့ ပြောရေးဆိုခွင့်ရှိသူက Reuters ဆီကို အီးမေးလ်ပို့ခဲ့တယ်လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ ARM အနေနဲ့ Huawei ကို ဆက်ပြီး လက်တွဲလုပ်ဆောင်သွားတော့မယ်လို့ ပြောလိုက်တာပဲ ဖြစ်ပါတယ်။

Ref: Phone Arena