SpaceX အင်ဂျင်နီယာ Sarah Gillis ဟာ အာကာသမှာ SpaceX ရဲ့ Crew Dragon အာကာသယာဉ်ထဲမှာ Star Wars: The Force Awakens ဇာတ်ကားထဲမှ John Williams ရဲ့ “Rey’s Theme” သီချင်းကို တယောထိုးပြခဲ့ပါတယ်။ အသက် ၃၀ အရွယ် သူမဟာ အာကာသမှာ ပထမဆုံး တယောထိုးသူ အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

Gillis ရဲ့ တယောထိုးမှုကို Starlink အင်တာနက်နဲ့ ကမ္ဘာမြေကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ကမ္ဘာအဝန်းမှ ဂီတပညာရှင် လူငယ်လေးတွေ ပါဝင်တီးခတ်ခဲ့ကြပါတယ်။ အဲဒီ သမိုင်းဝင် ဖျော်ဖြေမှုဟာ Starlink မြန်နှုန်းမြင့် အင်တာနက်နဲ့ အာကာသကနေ ကမ္ဘာကို ပြသတဲ့ ပထမဆုံး ဖျော်ဖြေမှု ဖြစ်လာပါတယ်။

Polaris Dawn Mission Uses Starlink for Star Wars Performance In Space |  PCMag

အဲဒီ ဖျော်ဖြေမှုကို စက်တင်ဘာလက ပြုလုပ်ခဲ့တာ ဖြစ်ပြီး သူမနဲ့အတူ နည်းပညာ ဘီလီယမ်နာ သူဌေး Jared Isaacman လည်း အာကာသကို လိုက်ပါလာခဲ့ပါတယ်။ သူဟာ အာကာသမှာ လမ်းလျှောက်ထွက်ခဲ့ပြီး ပရော်ဖက်ရှင်နယ် အာကာသယာဉ်မှူး မဟုတ်တဲ့ ကမ္ဘာ့ ပထမဆုံး အာကာသမှာ လမ်းလျှောက်တဲ့ လူသား အဖြစ် သမိုင်းမှတ်တမ်းဝင်သွားပါတယ်။ ပြောရရင်တော့ အဲဒီ ခရီးစဉ်ဟာ လူသားတွေအတွက် စံချိန်အသစ်တွေ တင်နိုင်ခဲ့ပါတယ်။

သူတို့နှစ်ယောက်နဲ့အတူ လေတပ်အရာရှိဟောင်း Scott Poteet နဲ့ SpaceX အင်ဂျင်နီယာ Anna Menon တို့လည်းလိုက်ပါလာခဲ့ပါတယ်။ သူတို့ဟာ ကမ္ဘာမြေအထက် ၄၃၅ မိုင်အထိသွားခဲ့ကြပြီး နှစ်ပေါင်း ၅၀ အတွင်း လူသားတွေ အဝေးဆုံး ရောက်တဲ့ နေရာ ဖြစ်ပါတယ်။

Ref : violinist