Xiaomi ရဲ့ Gaming စမတ်ဖုန်း Brand ဖြစ်တဲ့ Black Shark က ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်တုန်းက နောက်မျိုးဆက် Gaming ဖုန်းရဲ့ Teaser တွေကို မျှဝေခဲ့ပါတယ်။ စီအီးအိုက Black Shark 4 နာမည်ကို မကြာခင်က အတည်ပြုခဲ့ပြီး AnTuTu က စံချိန်တင် ရမှတ်တွေကို ကြွားခဲ့ပါသေးတယ်။
ပြိုင်ဖက် Gaming စမတ်ဖုန်း Brand တွေကလည်း နောက်ကောက်ချတာကို မခံနိုင်ကြပါဘူး။ Asus ကလည်း ROG Phone 4 ကို ဖန်တီးနေပြီ ဖြစ်ပြီး အခုတော့ အဲဒီ စမတ်ဖုန်းရဲ့ ပထမဆုံး Teaser ကို တရုတ် လူမှုကွန်ရက် ဝီဘိုမှာ မျှဝေလိုက်ပါတယ်။ ဂိမ်း ကစားရင် ထူးခြားဆန်းသစ်တဲ့ အတွေ့အကြုံအသစ်တွေကို ခံစားရမယ်လို့ ကတိပေးထားပါတယ်။
Teaser ဓါတ်ပုံမှာ အဲဒီ စမတ်ဖုန်း ဒီဇိုင်းကိုလည်း ပြသထားပြီး မျက်နှာပြင်ပတ်လည်က ဘေးဘောင်တွေဟာ မရှိသလောက်ကို ပါးလွှာနေတာ မြင်ရပါတယ်။ အဲဒီအတွက် စမတ်ဖုန်း ဒီဇိုင်းက အရမ်းကို လှမှာ သေချာပါတယ်။
ဒါဟာ Asus ROG Phone 4 ရဲ့ ပထမဆုံး တရားဝင် Teaser ဖြစ်ပြီး မကြာခင်မှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမိုထွက်ပေါ်လာနိုင်ပါတယ်။ Asus ROG Phone 4 ဟာ Black Shark 4 ၊ Red Magic Gaming စမတ်ဖုန်း အသစ်တွေနဲ့ သူဒင်ကိုယ်ဒင် ယှဉ်ပြိုင်ရမှာပါ။
Ref : gsmarena