Xiaomi ရဲ့ Gaming စမတ်ဖုန်း Brand ဖြစ်တဲ့ Black Shark က ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်တုန်းက နောက်မျိုးဆက် Gaming ဖုန်းရဲ့ Teaser တွေကို မျှဝေခဲ့ပါတယ်။  စီအီးအိုက Black Shark 4 နာမည်ကို မကြာခင်က အတည်ပြုခဲ့ပြီး AnTuTu က စံချိန်တင် ရမှတ်တွေကို ကြွားခဲ့ပါသေးတယ်။

Asus ROG Phone 4 teaser campaign starts

ပြိုင်ဖက် Gaming စမတ်ဖုန်း Brand တွေကလည်း နောက်ကောက်ချတာကို မခံနိုင်ကြပါဘူး။ Asus ကလည်း ROG Phone 4 ကို ဖန်တီးနေပြီ ဖြစ်ပြီး အခုတော့ အဲဒီ စမတ်ဖုန်းရဲ့ ပထမဆုံး Teaser ကို တရုတ် လူမှုကွန်ရက် ဝီဘိုမှာ မျှဝေလိုက်ပါတယ်။ ဂိမ်း ကစားရင် ထူးခြားဆန်းသစ်တဲ့ အတွေ့အကြုံအသစ်တွေကို ခံစားရမယ်လို့ ကတိပေးထားပါတယ်။

Asus ROG Phone 3: Release date, specs and price

Teaser ဓါတ်ပုံမှာ အဲဒီ စမတ်ဖုန်း ဒီဇိုင်းကိုလည်း ပြသထားပြီး မျက်နှာပြင်ပတ်လည်က ဘေးဘောင်တွေဟာ မရှိသလောက်ကို ပါးလွှာနေတာ မြင်ရပါတယ်။ အဲဒီအတွက် စမတ်ဖုန်း ဒီဇိုင်းက အရမ်းကို လှမှာ သေချာပါတယ်။

ဒါဟာ Asus ROG Phone 4 ရဲ့ ပထမဆုံး တရားဝင် Teaser ဖြစ်ပြီး မကြာခင်မှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမိုထွက်ပေါ်လာနိုင်ပါတယ်။ Asus ROG Phone 4 ဟာ Black Shark 4 ၊ Red Magic Gaming စမတ်ဖုန်း အသစ်တွေနဲ့ သူဒင်ကိုယ်ဒင် ယှဉ်ပြိုင်ရမှာပါ။

Ref : gsmarena