ASUS ဟာ လက်ရှိအချိန်မှာ Zenfone တွေအပြင် Repulic of Gamers သို့မဟုတ် ROG Brand အနေနဲ့ Gaming Phone တွေကို နှစ်စဥ်မိတ်ဆက်နေကြဖြစ်ပါတယ်။ အခုဆိုရင်လည်း ROG Phone 7 Series အထိ ရောက်ရှိနေပြီဖြစ်သလို နောက်ဆုံးပေါက်ကြားလာတဲ့သတင်းတစ်ခုအရ ROG Phone 8 ဖုန်းတွေကိုပါ မကြာခင် တရားဝင်မိတ်ဆက်သွားတော့မှာပါ။
ဘာကြောင့်လဲဆိုရင် ASUS ကုမ္ပဏီဘက်ကနေ ROG Phone 8 ကို Coming Soon ဆိုပြီး Teaser ဓါတ်ပုံတစ်ခုကို တရားဝင် ဖော်ပြလိုက်တာကြောင့်ပဲဖြစ်ပါတယ်။ အဆိုပါ Teaser ဓါတ်ပုံမှာ ROG Phone 8 ရဲ့ ဖုန်းနောက်ကျောဘက် ဓါတ်ပုံကိုပါ မြင်တွေ့ရပြီး ယခင် ROG Phone တွေနဲ့ ယှဥ်ရင် ဒီဇိုင်းကို သိသိသာသာပြောင်းလဲထားတာကိုတွေ့ရပါတယ်။
ASUS ဟာ အဆိုပါ ROG Phone 8 ကို အမျိုးအစား ၁ မျိုးတည်းမိတ်ဆက်မှာမဟုတ်ဘဲ ROG Phone 8 ၊ ROG Phone 8 Pro နဲ့ ROG Phone 8 Ultra ဆိုပြီး အမျိုးအစား ၃ မျိုး မိတ်ဆက်သွားမယ်ဆိုပြီး ခန့်မှန်းထားကြပါတယ်။ အဆိုပါ ROG Phone 8 ဖုန်းတွေအကုန်လုံးဟာ စွမ်းဆောင်ရည်ပိုင်းမှာ အကောင်ဆုံးဖြစ်လာမှာဖြစ်ပြီး Qualcomm Snapdragon 8 Gen 3 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။
ASUS ကနေ ROG Phone 8 Ultra လိုမျိုး Ultra ဖုန်းကို အခုမှ စတင်မိတ်ဆက်မှာဖြစ်ပြီး တရုတ်နိုင်ငံ 3C Certification မှာ ပေါက်ကြားခဲ့တဲ့သတင်းအရ 24GB RAM အထိ ပါဝင်လာမယ်လို့ သိရပါတယ်။
လောလောဆယ်မှာ ASUS က ROG Phone 8 ဖုန်းတွေကို မကြာခင်မိတ်ဆက်မယ်ဆိုပြီးပဲ ကြေညာထားပြီး ယခုနှစ်အတွင်းမှာ မိတ်ဆက်မလား၊ လာမယ့် ၂၀၂၄ ခုနှစ်အစောပိုင်းမှာ မိတ်ဆက်မလားဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။
Ref – Gizmo China