CES 2026 ပွဲမှာ NuraLogix ကုမ္ပဏီက Longevity Mirror လို့ခေါ်တဲ့ စမတ်မှန်တစ်ချပ်ကို မိတ်ဆက်ပြသခဲ့ပါတယ်။ ဒီမှန်ဟာ Selfie ဓာတ်ပုံရိုက်သလိုမျိုး ကိုယ့်မျက်နှာကို ကြည့်လိုက်ရုံနဲ့ စက္ကန့် ၃၀ အတွင်းမှာ ကျန်းမာရေးအခြေအနေကို အကြမ်းဖျင်း ပြောပြပေးနိုင်ပါတယ်။

This Longevity Mirror Predicts Your Future Health in 30 Seconds Flat - CNET

Transdermal Optical Imaging (TOI) နည်းပညာကို အသုံးပြုထားတဲ့အတွက် မျက်နှာပြင်အောက်က သွေးစီးဆင်းမှု အပြောင်းအလဲတွေကို ဖတ်ရှုပြီး နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ ဇီဝဖြစ်စဉ်၊ စိတ်ဖိစီးမှုနဲ့ နှလုံးကျန်းမာရေးစတဲ့ အချက်အလက်တွေကို ခြေရာခံပေးနိုင်ပါတယ်။

CES 2026- a new “mirror” has been set up, and selfies will now reveal health  secrets

ပြီးတဲ့အခါ Longevity Index အနေနဲ့ ရမှတ် ၀ ကနေ ၁၀၀ ကြား သတ်မှတ်ပြီး ကျန်းမာရေးအခြေအနေကို ပြသပေးပါတယ်။ လူနာမှတ်တမ်းပေါင်း သိန်းနဲ့ချီပြီး လေ့ကျင့်ပေးထားတဲ့ သူတို့ရဲ့ AI မော်ဒယ်တွေဟာ လာမယ့်နှစ် ၂၀ အတွင်း ဖြစ်လာနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို ခန့်မှန်းပေးနိုင်တယ်လို့ NuraLogix က ပြောပါတယ်။ ဒါပေမဲ့ ဒါဟာ ကျန်းမာရေးလမ်းညွှန်တစ်ခုအနေနဲ့ပဲ ရည်ရွယ်ပြီး ဆေးဘက်ဆိုင်ရာ ရောဂါအဖြေရှာမှု (Medical Diagnosis) တော့ မဟုတ်ပါဘူး။

ဒီမှန်မှာ AI ကျန်းမာရေးလက်ထောက် (AI health assistant) တစ်ပါတည်း ပါဝင်ပြီး ရလာဒ်တွေကို ရှင်းပြပေးသလို အိပ်စက်ခြင်း၊ စိတ်ဖိစီးမှု၊ အာဟာရနဲ့ လေ့ကျင့်ခန်းဆိုင်ရာ အကြံပြုချက်တွေလည်း ပေးနိုင်ပါတယ်။ အသုံးပြုသူ ၆ ဦးအထိ မှတ်သားထားနိုင်တဲ့အတွက် မိသားစုတွေနဲ့ စုံတွဲတွေအတွက် အဆင်ပြေစေမှာပါ။

Longevity Mirror ကို ၂၀၂၆ ခုနှစ် အစောပိုင်းမှာ စတင်ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၈၉၉ ကျသင့်မှာပါ။ ဒီဈေးနှုန်းထဲမှာ တစ်နှစ်စာ Subscription ကြေး ပါဝင်ပြီးသား ဖြစ်ပါတယ်။ နောက်နှစ်တွေမှာတော့ Subscription ကြေးအဖြစ် တစ်နှစ်ကို ၉၉ ဒေါ်လာ ပေးသွင်းရမှာဖြစ်ပြီး Concierge Service လိုချင်ရင်တော့ တစ်နှစ်ကို ၃၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Ref : Technology Innovation