ရေအောက်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် သတင်းကောင်းတစ်ခု ထွက်ပေါ်လာပါတယ်။ ဩစတြေးလျ နိုင်ငံက သုတေသီတွေဟာ ဓာတုဆေးဝါးတွေ၊ အရှိန်မြှင့်စက်တွေ လုံးဝသုံးစရာမလိုဘဲ ရေအောက်မှာတင် ခိုင်ခံ့တဲ့ အဆောက်အအုံတွေကို တည်ဆောက်နိုင်မယ့် ကမ္ဘာ့ပထမဆုံး 3D ကွန်ကရစ် ပုံနှိပ်စနစ်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။

Australian scientists test world-first underwater 3D concrete printing

ဒီနည်းပညာကို ဝူလွန်ဂေါင်း တက္ကသိုလ် (UOW) က ပညာရှင်တွေနဲ့ LUYTEN 3D အဖွဲ့တို့ ပူးပေါင်း တီထွင်ခဲ့ကြတာပါ။ သူတို့ဟာ ခေတ်မီတဲ့ ပစ္စည်းဒီဇိုင်းကို အသုံးပြုပြီး ရေအောက်မှာတင် အလွယ်တကူ ခဲသွားနိုင်တဲ့ ကွန်ကရစ်ဖျော်စပ်မှု အသစ်တစ်မျိုးကို ဖန်တီးခဲ့ကြပါတယ်။

Australian researchers 3D print concrete structures underwater | heise  online

အဲဒီ ကွန်ကရစ်ဖျော်စပ်မှုဟာ ရေတိုက်စားမှုကို ကောင်းကောင်း ခံနိုင်ရည်ရှိတဲ့အပြင် တခြား ဓာတုပစ္စည်းတွေ အပိုထည့်စရာမလိုဘဲ မူလပုံပန်းသဏ္ဍာန် မပျက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

ဒီ အောင်မြင်မှုဟာ ရေအောက် 3D ပုံနှိပ်ခြင်း နည်းပညာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အများကြီး ဖြေရှင်းပေးနိုင်မှာပါ။ ရှေ့ဆက်ပြီးတော့လည်း ကမ်းလွန် လေအားလျှပ်စစ် စက်ရုံတွေ၊ ရေကြောင်းဆိုင်ရာ အခြေခံအဆောက်အအုံတွေ၊ ဆိပ်ကမ်းတွေနဲ့ ကာကွယ်ရေး စီမံကိန်းတွေမှာ ဒီနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ဖွယ် ရှိနေပါတယ်။

Ref : Technology Innovation