Galaxy Watch 4 စီးရီးမှာ re-open.com ရဲ့ Vital Monitoring System (VMS) solution ကို စမ်းသပ်နေတယ်လို့ Samsung Australia က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ VMS ဟာ Deakin University, NTRI နဲ့ SaniteX Global တို့ကဖန်တီးတဲ့ Cloud based platform ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး COVID-19 ကနေ ပြန်လည်သက်သာလာတဲ့ ကမ္ဘာကြီးကိုကူညီဖို့ ဖြစ်ပါတယ်။

တိတိကျကျပြောရရင်တော့ VMS စနစ်ဟာ အလုပ်ရှင်တွေနဲ့ ဝန်ထမ်းတွေအတွက် ရည်ရွယ်ထားတဲ့စနစ်တစ်ခုလို့ ပြောရမှာပါပဲ။ Galaxy Watch 4 ရဲ့ ကျန်းမာရေးအာရုံခံကိရိယာတွေဖြစ်တဲ့ Heart rate monitor နဲ့ SpO2 sensor တွေက သုံးစွဲသူရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေစုဆောင်းပြီး ရောဂါလက္ခဏာမျိုးစုံကို ကာကွယ်နိုင်ဖို့ရည်ရွယ်တာ ဖြစ်ပါတယ်။

အလုပ်ရှင်တွေအနေနဲ့ VMS solution ကို အကောင်အထည်ဖော်မယ်ဆိုရင် ဝန်ထမ်းတွေရဲ့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေကို Galaxy Watch 4 ကတစ်ဆင့် re-open.com ပလက်ဖောင်းပေါ်ကို မနက်တိုင်းမျှဝေပေးဖို့ လိုအပ်ပါတယ်။ ဒီအချက်အလက်ကို စစ်တမ်းကစုဆောင်းထားတဲ့ နောက်ထပ်အချက်အလက်တွေနဲ့ပေါင်းစပ်မှာ ဖြစ်ပါတယ်။

အကယ်၍ အသုံးပြုသူဟာ Screening ကို ကျော်ဖြတ်သွားနိုင်မယ်ဆိုရင် လုပ်ငန်းခွင်ဝင်ရောက်နိုင်မဲ့ QR code ကို လက်ခံရရှိပါလိမ့်မယ်။ ကိုယ်အပူချိန်၊ နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင်အဆင့်နဲ့ အခြားအချက်အလက်တွေကို လက်ခံရရှိမှာလည်း ဖြစ်ပါတယ်။ အရေးကြီးတာတစ်ခုကတော့ ကျန်မာရေ:ဆိုင်ရာအချက်အလက်တွေအားလုံးကို Encrypted လုပ်ထားမှာဖြစ်ပြီး Access လုပ်နိုင်သူပဲ သိမှာဖြစ်ပါတယ်။

Ref: SAMMOBILE