Samsung က တရုတ်မှာ W22 5G Foldable စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ W22 5G ဟာ အရင်မျိုးဆက်လို Foldable ဒီဇိုင်း ဖြစ်ပြီး S Pen Stylus ပါပါတယ်။ စွမ်းရည်မြင့် Snapdragon 888 Chipset မောင်းနှင်ထားပြီး 5G ဆက်သွယ်မှု ထောက်ပံ့ထားပါတယ်။

Samsung W22 5G

အပြင်ဘက်မှာ ၆.၂ လက်မ 2260x832p မျက်နှာပြင်နဲ့ အတွင်းဘက်မှာ ၇.၆ လက်မ 2208x1768p မျက်နှာပြင် တပ်ဆင်ထားပြီး မျက်နှာပြင် ၂ ခုစလုံးမှာ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင် ၂ ခုစလုံးအတွက် Eco2 OLED Panel ကို သုံးထားတဲ့အတွက် စွမ်းအင်စားသုံးမှု သက်သာစေပါတယ်။ မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ ပထမဆုံး W Series ဖုန်း ဖြစ်လာပါတယ်။ အဲဒီ ကင်မရာက 4MP ဖြစ်ပြီး အရည်အသွေးမြင့် ဆဲလ်ဖီးတွေ ရိုက်ကူးနိုင်ပါတယ်။ အနောက်ဘက်မှာ 12MP Wide Angle Main , 12MP Telephoto နဲ့ 12MP Ultrawide ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။

Samsung W22 5G

W22 5G ရဲ့ ဘက်ထရီအကြောင်းပြောရရင် 4,400mAh ဖြစ်ပြီး 25W Fast Charging နဲ့ 10W Wireless Charging ထောက်ပံ့ထားပါတယ်။ 4.5W Reverse Wireless Charging ပါတဲ့အတွက် တခြား Device တွေကို ကြိုးမဲ့အားသွင်းပေးနိုင်ပါတယ်။ IPX8 ရေစိုခံစံနှုန်းပါတာကလည်း W Series အတွက် ပထမဆုံး ဖြစ်ပါတယ်။ S Pen ပါတဲ့အတွက် အလုပ်အတွက်သာမက Entertainment အတွက် အဆင်ပြေပါတယ်။

W22 5G မှာ 16GB RAM နဲ့ 512GB Storage ထည့်သွင်းထားပါတယ်။ တရုတ်မှာ ဒီလ ၂၂ ရက်နေ့ ရောင်းချမှာ ဖြစ်ပြီး ၁၆,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ လက်ရှိပေါက်ဈေးအရ မြန်မာငွေ သိန်း ၅၀ လောက်ရှိတဲ့အတွက် ဈေးမြောက်ပါတယ်။

Ref : gizmochina