AutoFlight က ၂၀၂၄ ပဲရစ် အိုလံပစ်နဲ့ မသန်စွန်း အားကစားပြိုင်ပွဲမှာ မြေပြင်ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင် ဒေါင်လိုက် အတက်အဆင်းလုပ်နိုင်တဲ့ (eVTOL) Prosperity I ကို အသုံးပြုဖို့ Group ADP နဲ့ သဘောတူညီလိုက်ပါတယ်။

AutoFlight eVTOL aircraft.

ပဲရစ် အိုလံပစ်နဲ့ မသန်စွမ်း အားကစားပြိုင်ပွဲဟာ ကမ္ဘာ့အဆင့် ဖြစ်တဲ့အတွက် AutoFlight က အဆင့်မြင့် သယ်ယူပို့ဆောင်ရေးအတွက် ကုမ္ပဏီရဲ့ ၂၅၀ ကီလိုမီတာ မောင်းနှင်နိုင်တဲ့ eVTOL တွေကို အသုံးပြုဖို့ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ တကယ့် လက်တွေ့ ကမ္ဘာမှာ ခရီးသည် ပို့ဆောင်ရေးအတွက် AutoFlight ရဲ့ eVTOL တွေဟာ အဆင်ပြေကြောင်း သက်သေပြမှာ ဖြစ်ပါတယ်။

Autoflight completes first flight of autonomous V1500M eVTOL aircraft | Electrek

ကမ္ဘာမှာ အဆင့်အမြင့်ဆုံး eVTOL လေယာဉ်ကွင်းဖြစ်တဲ့ Pontoise Vertiport မှာ AutoFlight က စမ်းသပ် ပျံသန်းမှုတွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။ Pontoise Vertiport မှာ eVTOL တွေ အတက် အဆင်း လုပ်နိုင်တဲ့ အခြေခံ အဆောက်အဦးတွေ တည်ဆောက်ထားပါတယ်။ ဒါ့အပြင် အဆင့်မြင့် Passenger Terminal နဲ့ ထိန်းချုပ် ဧရိယာတွေ ထည့်သွင်းထားပါတယ်။ Groupe ADP က ပဲရစ် တစ်မြို့လုံးကို ဆက်သွယ်နိုင်တဲ့ Vertiport ၅ ခုကို ထပ်မံ တည်ဆောက်ဖို့ စီစဉ်နေပါတယ်။

AutoFlight ရဲ့ Prosperity I ဟာ မြို့တွင်း ခရီးတိုသွားလာဖို့အတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး လေဆိပ်တွေကိုလည်း သွားနိုင်ပါတယ်။ အနီးအနားက မြို့တွေကိုလည်း ခရီးသွားနိုင်ပါတယ်။ လျှပ်စစ် လေယာဉ် ဖြစ်ပြီး အားအပြည့်သွင်းထားရင် ၁၅၅ မိုင် (၂၅၀ ကီလိုမီတာ) မောင်းနှင်နိုင်ပါတယ်။

Ref: inceptivemind