တရုတ်မှာ ကုန်တင်ကားတွေမှာ အလိုအလျှောက်မောင်းတဲ့ နည်းပညာ ထည့်သွင်းလာကြပြီး ကုန်တင်ကား ယာဉ်မောင်းတွေနဲ့ လုပ်ငန်းရှင်တွေအတွက် အကျိုးကျေးဇူးများစွာ ရှိလာပါတယ်။ လောင်စာဆီ သက်သာခြင်း၊ လမ်းပန်းအန္တရာယ် ကင်းရှင်းခြင်း၊ ဝင်ငွေမြင့်မားခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရလာကြပါတယ်။

ခြေနင်းပေါ်မှာ ခြေထောက်တင်ထားစရာ မလိုတော့ကြောင်း၊ ဂီယာနဲ့ စတီယာရင်ကို လက်နဲ့ ကိုင်စရာ မလိုတော့ကြောင်း၊ ဆီစားလည်း သက်သာကြောင်း ကုန်တင်ကား မောင်းသူတွေက ပြောပါတယ်။

China's truck industry is buying more driver-assist technology

အဲဒီနည်းပညာမှာ ၃၆၀ ဒီဂရီမြင်နိုင်တဲ့ ဆန်ဆာ စနစ်၊ အကွာအဝေးတိုင်း ကိရိယာ၊ ရေဒါနဲ့ ကင်မရာတွေ ပါဝင်ပါတယ်။ အရှေ့ ကင်မရာဟာ ၁ ကီလိုမီတာ အကွာအဝေးအထိ မြင်နိုင်ပြီး အတားအဆီးနဲ့ အန္တရာယ်တွေကို ကြိုတင်သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဘေးဘက်မှာ တပ်ဆင်ထားတဲ့ အကွာအဝေးတိုင်း ကိရိယာတွေဟာ ဘေးပတ်လည်မှ အရာတွေကို သိရှိနိုင်တဲ့အပြင် မျက်ကွယ်နေရာတွေကိုပါ မြင်နိုင်ပါတယ်။

Inceptio Self-Driving Trucks Set Accident-Free Record in China - Bloomberg

မောင်းသူမဲ့ ကုန်တင်ကားတွေ ထုတ်လုပ်နေတဲ့ တရုတ်ကုမ္ပဏီ Inceptino ရဲ့ တည်ထောင်သူက အဆင့် ၃ အလိုအလျှောက်မောင်း ကုန်တင်ကားတွေကို ထုတ်လုပ်ထားပြီလို့ ပြောပါတယ်။ အဲဒီကားတွေဟာ ၁၀၀ ကီလိုမီတာမှာ လောင်စာဆီ ၃ လီတာ ကနေ ၅ လီတာ အထိ သက်သာပြီး ဘေးအန္တရာယ် ဖြစ်ပွားမှုနှုန်း ၇၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။ လုပ်သားတွေရဲ့ ဝင်ငွေကို ၁၀ ကနေ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်စေပါတယ်။

Inceptino က တရုတ်မှာ အလိုအလျှောက် ကုန်တင်ကား ၈၉၃ စီး ပြေးဆွဲနေပြီး ခရီးတစ်လျှောက် အလိုအလျှောက် မောင်းနှင်စနစ်ကို ၉၅ ရာခိုင်နှုန်းလောက် အသုံးပြုနေကြပါတယ်။

Ref: automotiveworld